ချဲလ်ဆီးကို deadline day အမီ ဝယ်ယူဖို့ အဆင်သင့် ဖြစ်နေတဲ့ ဆော်ဒီမီဒီယာ

မိုဟာမက်အယ်ခီရိုင်ဂျီ ဦးဆောင်တဲ့ Saudi Media ဟာ ချဲလ်ဆီးအသင်းကို

deadline day အမှီဝယ်ယူဖို့ရန်အတွက်

ကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးအသင်းကို ဝယ်ယူနိုင်မယ့် နောက်ဆုံးရက်ဖြစ်တဲ့

deadline day ဟာ လာမယ့်သောကြာနေ့ထိပဲဖြစ်ပါတယ်။

ဒါကြောင့်မလို့ သောကြာနေ့အပြီးမှာ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှစ်သစ်ဟာ

ဘယ်သူဖြစ်လာမလဲဆိုတာတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Saudi Media Group ကိုဦးဆောင်နေတဲ့မိုဟာမက်အယ်ခီရိုင်ဂျီက

ချဲလ်ဆီးအမာခံပရိသတ်တစ်ဦးဖြစ်ပြီးဆော်ဒီအာဏာပိုင်များနှင့်

တစ်စုံတစ်ရာပတ်သက်မှုမရှိသူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တစ်ဦးဖြစ်တဲ့အယ်ခီရိုင်ဂျီဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက

ချဲလ်ဆီးနှင့်မန်ချက်စတာယူနိုက်တက်တို့တစ်ဂိုးစီသရေကျတဲ့ပွဲကို

ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယခင်တုန်းကဗြိတိန်တွင်နေထိုင်ခဲ့ဖူးကာလန်ဒန်ရှိ

Cass Business School တွင်တက်ရောက်သင်ကြားခဲ့ဖူးပါတယ်။

အသက်၅၀နှစ်ရှိသူဟာဆော်ဒီဘောလုံးကလပ်များဖြစ်ကြတဲ့

အယ်နက်စ်ဆာ၊အယ်ဟီလာတို့နှင့်လည်းဆက်စပ်နေသူဖြစ်ပါတယ်။

zawgyi

















