ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  နိုင်တစ်ခါ၊ ရှုံးတစ်လှည့် စိတ်ပျက်စရာဖြစ်နေတဲ့ ယူနိုက်တက်

ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်နဲ့ တဖြည်းဖြည်းဝေးလာပြီဖြစ်တဲ့ ယူနိုက်တက်

အဆင့်(၄)နေရာက အာဆင်နယ် အသင်းကြီးတွေနဲ့ပွဲကလွဲလို့ ကျန်တဲ့ပွဲတွေမှာ

ရလဒ်ကောင်းနေချိန်၊ စပါးအသင်းကလည်း ခြေပြန်တက်နေချိန်မှာ

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ ယူနိုက်တက်တို့ နိုင်တစ်ခါ၊

ရှုံးတစ်လှည့်ဖြစ်နေတာက စိတ်ပျက်စရာပါပဲ။

အာဆင်နယ်ထက် (၂)ပွဲပို၊ (၃)မှတ်၊ စပါးအသင်းထက် (၁)ပွဲပို၊ (၅၁)မှတ်ချင်းတူနေလို့

သင်္ချာနည်းအရ အဆင့်(၄)နေရာအတွက်မျှော်လင့်ချက်ရှိနေသေးပေမယ့်

မြေပြင်အခြေအနေအရ ကိုယ့်အသင်းက ခြေစွမ်းတည်ငြိမ်မှုမရှိတာကြောင့်

ယူနိုက်တက်တို့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ပါ့မလားဆိုတာ

သံသယဖြစ်စရာကောင်းနေတယ်။

လက်စတာဟာ ခြေစွမ်းမာကျောပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်တယ်ဆိုပေမယ့်

ရာသီကုန်ခါနီးဖြစ်သလို ကစားရမယ့်ပွဲကလည်း သိပ်အများကြီးမကျန်တော့ဘဲ

အရေးကြီးတဲ့အချိန်မျိုးမှာ ဒီလိုပွဲကိုတော့ ယူနိုက်တက် မဖြစ်မနေအနိုင်ကစားသင့်ပါတယ်။

စီရော်နယ်လ်ဒို မပါနိုင်လို့ တိုက်စစ်ပိုင်းအားနည်းခဲ့ပေမယ့်

ဒါက လုံလောက်တဲ့ဆင်ခြေ မဟုတ်ပါဘူး။

ဒီပွဲမှာ ရန်နစ်ခ်က ဘရူနိုဖာနန်ဒက်စ်ကို False 9 ပုံစံအသုံးပြုခဲ့ပြီး

ဆန်ချို၊ အီလန်ဂါ၊ ပေ့ါဘာတို့နဲ့ တိုက်စစ်ပွဲထွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြိုင်ဘက်ဂိုးဧရိယာတစ်ဝိုက်မှာ

လှုပ်ရှားကစားတာထက် ကွင်းလယ်အထိဆင်းပြီးတော့ ဘောလုံးယူ၊

တစ်ကွင်းလုံးပတ်ကစားလေ့ရှိတဲ့အတွက် တောင်ပံတွေက ဖြတ်တင်ဘောတင်တဲ့အခါ

လက်စတာအသင်းပယ်နယ်တီဧရိယာထဲမှာ ယူနိုက်တက်ကစားသမားတွေ အသင့်မရှိခဲ့ပါဘူး။

ပေ့ါဘာကလည်း ကွင်းလယ်တိုက်စစ်နေရာမှာကစားနိုင်တဲ့သူမဟုတ်တဲ့အတွက်

ယူနိုက်တက်တိုက်စစ်အားနည်းချက်တွေရှိခဲ့ပြီး စီရော်နယ်လ်ဒို၊ ကာဗာနီတို့နှစ်ယောက်စလုံး

မကစားနိုင်တာက ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

နောက်ပိုင်းပွဲတွေမှာ သိသိသာသာခြေတက်လာတာက ဖရက်ဒ်ပဲဖြစ်ပြီး

သူကောင်းလာတော့လည်း တွမ်မီနေးက ပြန်ကျသွားတာကြောင့်

ယူနိုက်တက်ကွင်းလယ်က တည်ငြိမ်မှုမရှိပြန်ဘူး။

တွမ်မီနေးဟာ Physical ပိုင်းအရ ကြံ့ခိုင်မှုရှိပေမယ့် သူက Ball Winner တစ်ယောက်မဟုတ်လို့

ကွင်းလယ်အဖျက်အားနည်းသလို ဘောလုံးဖျက်ထုတ်ရင်လည်း Foul ဖြစ်တာက ပိုများပါတယ်။

လက်စတာအသင်းဘက်မှာ အီဟီယာနာချို၊ မက်ဒီဆင်၊ ဟာဗေဘန်းစ်တို့ရဲ့ တွဲလုံးတွေကိုသာ

အဓိကထားကစားခဲ့ရပေမယ့် ထိုးဖောက်မှုတွေက ထိရောက်ခဲ့ပြီး

ဟာဗေဘန်း မလိုအပ်ဘဲ ကန်ချင်စိတ်များနေတာကြောင့်

အခွင့်အရေးတွေဆုံးရှုံးခဲ့ရတယ်လို့ပြောရမယ်။

ယူနိုက်တက်ခံစစ်မှာ ပြီးခဲ့တဲ့အင်္ဂလန်ပွဲတုန်းက အလှောင်ခံရတဲ့

မက်ဂွိုင်းယား ဒီပွဲမှာတော့ တည်ငြိမ်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ကစားပုံက အဆိုးရွားကြီးမဟုတ်ပေမယ့် ဂိုးရနိုင်လောက်တဲ့အနေအထားမရှိခဲ့ဘဲ

(၆၃)မိနစ်မှာ လက်စတာအသင်းဘက်ကို Counter ကစားဖို့ကြိုးစားနေရင်းကနေ

ဘောလုံးပျက်သွားပြီး မက်ဒီဆင် ဂိုးရှေ့ဖြတ်တင်ပေးလိုက်တာကို အီဟီယာနာချိုက

အလိုက်သင့်ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် လက်စတာဦးဆောင်ဂိုးရခဲ့တယ်။

မန်စီးတီးကစားသမားဘဝတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးသွင်းယူခဲ့ဖူးတဲ့

အီဟီယာနာချိုဟာ ယူနိုက်တက်နဲ့တွေ့ရင် ဂိုးမြူးလေ့ရှိပြီး (၅)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ (၃)မိနစ်လောက်အကြာမှာ ယူနိုက်တက်ချေပဂိုးပြန်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ကန်ချက်ကို

ရှမိုက်ကယ်ကာကွယ်နိုင်ခဲ့ပေမယ့် ပယ်နယ်တီဧရိယာထဲ

အသင့်ရှိနေတဲ့ဖရက်ဒ်က ပိတ်သွင်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ စိတ်ပျက်စရာနောက်တစ်ခုက အရန်စာရင်းမှာ

ပွဲအဖြေပြောင်းလဲနိုင်တဲ့ကစားသမားမျိုးမရှိဘဲ ရပ်ရှ်ဖို့ဒ် ဝင်လာခဲ့ပေမယ့်

တိုက်စစ်က ဘာမှထူးခြားမလာခဲ့ဘူး။

လက်စတာကွင်းလယ်လူ မက်ဒီဆင် ဂိုးသွင်းခဲ့ပေမယ့် အဲဒီမတိုင်ခင် အီဟီယာနာချိုက

ဗာရန်းကို Foul လုပ်ခဲ့တဲ့အတွက် ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီးတော့ ဂိုးမပေးခဲ့လို့

ယူနိုက်တက်သက်သာခဲ့တာပါ။

လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်တစ်သင်းလုံး အသည်းအသန်ကစားနေပေမယ့်

ပွဲအဖြေအပြောင်းအလဲဖြစ်မလာဘဲ သရေနဲ့ပြီးဆုံးခဲ့ပြီး ဒီပုံစံအတိုင်းသာဆိုရင်

ယူနိုက်တက်တို့ အဆင့်(၄)မပြောနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့တာင် မသေချာပါဘူး။

zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္  ႏိုင္တစ္ခါ၊ ရႈံးတစ္လွည့္ စိတ္ပ်က္စရာျဖစ္ေနတဲ့ ယူႏိုက္တက္

ခ်န္ပီယံလိဂ္ဝင္ခြင့္အိပ္မက္နဲ႔ တျဖည္းျဖည္းေဝးလာၿပီျဖစ္တဲ့ ယူႏိုက္တက္

အဆင့္(၄)ေနရာက အာဆင္နယ္ အသင္းႀကီးေတြနဲ႔ပြဲကလြဲလို႔ က်န္တဲ့ပြဲေတြမွာ

ရလဒ္ေကာင္းေနခ်ိန္၊ စပါးအသင္းကလည္း ေျချပန္တက္ေနခ်ိန္မွာ

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အၿပိဳင္ျဖစ္ေနတဲ့ ယူႏိုက္တက္တို႔ ႏိုင္တစ္ခါ၊

ရႈံးတစ္လွည့္ျဖစ္ေနတာက စိတ္ပ်က္စရာပါပဲ။

အာဆင္နယ္ထက္ (၂)ပြဲပို၊ (၃)မွတ္၊ စပါးအသင္းထက္ (၁)ပြဲပို၊ (၅၁)မွတ္ခ်င္းတူေနလို႔

သခ်ၤာနည္းအရ အဆင့္(၄)ေနရာအတြက္ေမွ်ာ္လင့္ခ်က္ရွိေနေသးေပမယ့္

ေျမျပင္အေျခအေနအရ ကိုယ့္အသင္းက ေျခစြမ္းတည္ၿငိမ္မႈမရွိတာေၾကာင့္

ယူႏိုက္တက္တို႔ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ရႏိုင္ပါ့မလားဆိုတာ

သံသယျဖစ္စရာေကာင္းေနတယ္။

လက္စတာဟာ ေျခစြမ္းမာေက်ာၿပီး အသင္းႀကီးေတြကို ဒုကၡေပးႏိုင္တယ္ဆိုေပမယ့္

ရာသီကုန္ခါနီးျဖစ္သလို ကစားရမယ့္ပြဲကလည္း သိပ္အမ်ားႀကီးမက်န္ေတာ့ဘဲ

အေရးႀကီးတဲ့အခ်ိန္မ်ိဳးမွာ ဒီလိုပြဲကိုေတာ့ ယူႏိုက္တက္ မျဖစ္မေနအႏိုင္ကစားသင့္ပါတယ္။

စီေရာ္နယ္လ္ဒို မပါႏိုင္လို႔ တိုက္စစ္ပိုင္းအားနည္းခဲ့ေပမယ့္

ဒါက လုံေလာက္တဲ့ဆင္ေျခ မဟုတ္ပါဘူး။

ဒီပြဲမွာ ရန္နစ္ခ္က ဘ႐ူႏိုဖာနန္ဒက္စ္ကို False 9 ပုံစံအသုံးျပဳခဲ့ၿပီး

ဆန္ခ်ိဳ၊ အီလန္ဂါ၊ ေပ့ါဘာတို႔နဲ႔ တိုက္စစ္ပြဲထြက္ခဲ့ပါတယ္။

ဒါေပမဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၿပိဳင္ဘက္ဂိုးဧရိယာတစ္ဝိုက္မွာ

လႈပ္ရွားကစားတာထက္ ကြင္းလယ္အထိဆင္းၿပီးေတာ့ ေဘာလုံးယူ၊

တစ္ကြင္းလုံးပတ္ကစားေလ့ရွိတဲ့အတြက္ ေတာင္ပံေတြက ျဖတ္တင္ေဘာတင္တဲ့အခါ

လက္စတာအသင္းပယ္နယ္တီဧရိယာထဲမွာ ယူႏိုက္တက္ကစားသမားေတြ အသင့္မရွိခဲ့ပါဘူး။

ေပ့ါဘာကလည္း ကြင္းလယ္တိုက္စစ္ေနရာမွာကစားႏိုင္တဲ့သူမဟုတ္တဲ့အတြက္

ယူႏိုက္တက္တိုက္စစ္အားနည္းခ်က္ေတြရွိခဲ့ၿပီး စီေရာ္နယ္လ္ဒို၊ ကာဗာနီတို႔ႏွစ္ေယာက္စလုံး

မကစားႏိုင္တာက ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။

ေနာက္ပိုင္းပြဲေတြမွာ သိသိသာသာေျခတက္လာတာက ဖရက္ဒ္ပဲျဖစ္ၿပီး

သူေကာင္းလာေတာ့လည္း တြမ္မီေနးက ျပန္က်သြားတာေၾကာင့္

ယူႏိုက္တက္ကြင္းလယ္က တည္ၿငိမ္မႈမရွိျပန္ဘူး။

တြမ္မီေနးဟာ Physical ပိုင္းအရ ႀကံ့ခိုင္မႈရွိေပမယ့္ သူက Ball Winner တစ္ေယာက္မဟုတ္လို႔

ကြင္းလယ္အဖ်က္အားနည္းသလို ေဘာလုံးဖ်က္ထုတ္ရင္လည္း Foul ျဖစ္တာက ပိုမ်ားပါတယ္။

လက္စတာအသင္းဘက္မွာ အီဟီယာနာခ်ိဳ၊ မက္ဒီဆင္၊ ဟာေဗဘန္းစ္တို႔ရဲ႕ တြဲလုံးေတြကိုသာ

အဓိကထားကစားခဲ့ရေပမယ့္ ထိုးေဖာက္မႈေတြက ထိေရာက္ခဲ့ၿပီး

ဟာေဗဘန္း မလိုအပ္ဘဲ ကန္ခ်င္စိတ္မ်ားေနတာေၾကာင့္

အခြင့္အေရးေတြဆုံးရႈံးခဲ့ရတယ္လို႔ေျပာရမယ္။

ယူႏိုက္တက္ခံစစ္မွာ ၿပီးခဲ့တဲ့အဂၤလန္ပြဲတုန္းက အေလွာင္ခံရတဲ့

မက္ဂြိဳင္းယား ဒီပြဲမွာေတာ့ တည္ၿငိမ္မႈအျပည့္နဲ႔ကစားႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္ကစားပုံက အဆိုး႐ြားႀကီးမဟုတ္ေပမယ့္ ဂိုးရႏိုင္ေလာက္တဲ့အေနအထားမရွိခဲ့ဘဲ

(၆၃)မိနစ္မွာ လက္စတာအသင္းဘက္ကို Counter ကစားဖို႔ႀကိဳးစားေနရင္းကေန

ေဘာလုံးပ်က္သြားၿပီး မက္ဒီဆင္ ဂိုးေရွ႕ျဖတ္တင္ေပးလိုက္တာကို အီဟီယာနာခ်ိဳက

အလိုက္သင့္ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္ လက္စတာဦးေဆာင္ဂိုးရခဲ့တယ္။

မန္စီးတီးကစားသမားဘဝတုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးသြင္းယူခဲ့ဖူးတဲ့

အီဟီယာနာခ်ိဳဟာ ယူႏိုက္တက္နဲ႔ေတြ႕ရင္ ဂိုးျမဴးေလ့ရွိၿပီး (၅)ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ (၃)မိနစ္ေလာက္အၾကာမွာ ယူႏိုက္တက္ေခ်ပဂိုးျပန္ရခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ကန္ခ်က္ကို

ရွမိုက္ကယ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ ပယ္နယ္တီဧရိယာထဲ

အသင့္ရွိေနတဲ့ဖရက္ဒ္က ပိတ္သြင္းခဲ့ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ စိတ္ပ်က္စရာေနာက္တစ္ခုက အရန္စာရင္းမွာ

ပြဲအေျဖေျပာင္းလဲႏိုင္တဲ့ကစားသမားမ်ိဳးမရွိဘဲ ရပ္ရွ္ဖို႔ဒ္ ဝင္လာခဲ့ေပမယ့္

တိုက္စစ္က ဘာမွထူးျခားမလာခဲ့ဘူး။

လက္စတာကြင္းလယ္လူ မက္ဒီဆင္ ဂိုးသြင္းခဲ့ေပမယ့္ အဲဒီမတိုင္ခင္ အီဟီယာနာခ်ိဳက

ဗာရန္းကို Foul လုပ္ခဲ့တဲ့အတြက္ ဒိုင္လူႀကီးက VAR ျပန္ၾကည့္ၿပီးေတာ့ ဂိုးမေပးခဲ့လို႔

ယူႏိုက္တက္သက္သာခဲ့တာပါ။

လက္က်န္မိနစ္ေတြမွာ ယူႏိုက္တက္တစ္သင္းလုံး အသည္းအသန္ကစားေနေပမယ့္

ပြဲအေျဖအေျပာင္းအလဲျဖစ္မလာဘဲ သေရနဲ႔ၿပီးဆုံးခဲ့ၿပီး ဒီပုံစံအတိုင္းသာဆိုရင္

ယူႏိုက္တက္တို႔ အဆင့္(၄)မေျပာနဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္ရဖို႔တာင္ မေသခ်ာပါဘူး။