ချန်ပီယံလိဂ်ဝင်ခွင့်ကို အသင်းရဲ့ သမိုင်းကြောင်းအစဥ်အလာပေါ် မူတည်ပြီးပဲ သတ်မှတ်ရွေးချယ်သွားဖို့ စီစဥ်နေ

ယူအီးအက်ဖ်အေကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့

အမှတ်ပေးဇယားအဆင့် သတ်မှတ်ချက်ထက်

အသင်းရဲ့ သမိုင်းကြောင်းအစဥ်အလာပေါ် မူတည်ပြီး

သတ်မှတ်ရွေးချယ်သွားဖို့ စီစဥ်နေပါတယ်။

အဆိုပါ အစီအစဥ်ကို လွန်ခဲ့တဲ့ ( ၁ ) နှစ်ကျော်က ဟာသနှောကာ

ဝေဖန်သုံးသပ်ခဲ့ကြပေမယ့် တစ်ဖက်မှာ ဥရောပ စူပါလိဂ်ပရောဂျက်ကြီးကလည်း

အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလျက်ရှိတာကြောင့်

လက်ရှိမှာတော့ ဒီ အစီအစဥ်က စားပွဲပေါ် ပြန်လည်ရောက်ရှိလာပါပြီ။

ပရီးမီးယားလိဂ်ကလပ်အသင်း ( ၁၀ ) သင်း အဖွဲ့ဝင်အဖြစ်ရှိနေတဲ့

European Club Association က ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲအတွက်

ဝင်ခွင့်ကို သက်ဆိုင်ရာလိဂ်ပြိုင်ပွဲမှာရရှိခဲ့တဲ့ အဆင့်ထက်

ယူအီးအက်ဖ်အေ coefficient ပေါ် တစ်စိတ်တစ်ပိုင်း

မူတည်ပြီး ဆုံးဖြတ်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

coefficient သတ်မှတ်ချက်ဆိုတာ ကလပ်အသင်းတွေရဲ့

ဖီဖာ အဆင့်သတ်မှတ်ချက် နှင့် လွန်ခဲ့တဲ့ ( ၅ ) နှစ်က ရလာဒ်ပေါ် မူတည်ပြီး

ဥရောပကလပ်အသင်းတွေကြား အဆင့်သတ်မှတ်ချက်ဖြစ်ပါတယ်။

လက်ရှိ coefficient သတ်မှတ်ချက်ကိုတော့ ဘိုင်ယန်မြူးနစ်အသင်းက

ဦးဆောင်ထားပြီး အင်္ဂလန်လိပ်ကလပ်တွေဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊

လီဗာပူးလ် နှင့် ချဲလ်ဆီးတို့က ဒုတိယ ၊တတိယ နှင့် စတုတ္ထနေရာတွေမှာ

အသီးသီး ရပ်တည်လျက်ရှိပါတယ်။ အဆင့် ( ၁၀ ) အတွင်းမှာ

စပိန်အင်အားကြီးအသင်းတွေဖြစ်တဲ့ ရီးရဲ မက်ဒရစ် နှင့်

ဘာစီလိုနာ ၊ အီတလီ ရဲ့ ဂျူဗင်တပ် နှင့်

မန်ချက်စတာ ယူနိုက်တက်တို့လည်း ပါဝင်နေပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ အစီအစဥ်သစ်က

သက်ဆိုင်ရာပြည်တွင်းလိဂ်တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်သတ်မှတ်ချက် အပြင်ကနေ

ဘောလုံးရာသီအဆုံးသတ်ခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့်ရရှိထားတဲ့ ၊

ဒါမှမဟုတ် ပြည်တွင်းဖလားတစ်ခုရရှိထားတဲ့ အသင်းတွေကို

နောက်ထပ် ချန်ပီယံလိဂ်ဝင်ခွင့် (၂ ) နေရာအတွက် coefficient

သတ်မှတ်ချက်နဲ့ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဥ်ကိုတော့ ယခုအပတ်အတွင်း သြစတြီးယားနိုင်ငံ ၊

ဗီယင်နာနိုင်ငံမှာ ကျင်းပမယ့် ယူအီးအက်ဖ်အေရဲ့ အထေွထွေညီလာခံတွင်း

ဆက်ပြီး ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အသင္းရဲ႕ သမိုင္းေၾကာင္းအစဥ္အလာေပၚ မူတည္ၿပီးပဲ သတ္မွတ္ေ႐ြးခ်ယ္သြားဖို႔ စီစဥ္ေန

ယူအီးအက္ဖ္ေအကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၿပီးခဲ့တဲ့ရာသီမွာ ရရွိခဲ့တဲ့

အမွတ္ေပးဇယားအဆင့္ သတ္မွတ္ခ်က္ထက္

အသင္းရဲ႕ သမိုင္းေၾကာင္းအစဥ္အလာေပၚ မူတည္ၿပီး

သတ္မွတ္ေ႐ြးခ်ယ္သြားဖို႔ စီစဥ္ေနပါတယ္။

အဆိုပါ အစီအစဥ္ကို လြန္ခဲ့တဲ့ ( ၁ ) ႏွစ္ေက်ာ္က ဟာသေႏွာကာ

ေဝဖန္သုံးသပ္ခဲ့ၾကေပမယ့္ တစ္ဖက္မွာ ဥေရာပ စူပါလိဂ္ပေရာဂ်က္ႀကီးကလည္း

အရွိန္အဟုန္နဲ႔ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးစားလ်က္ရွိတာေၾကာင့္

လက္ရွိမွာေတာ့ ဒီ အစီအစဥ္က စားပြဲေပၚ ျပန္လည္ေရာက္ရွိလာပါၿပီ။

ပရီးမီးယားလိဂ္ကလပ္အသင္း ( ၁၀ ) သင္း အဖြဲ႕ဝင္အျဖစ္ရွိေနတဲ့

European Club Association က ဥေရာပရဲ႕ အဆင့္အျမင့္ဆုံးၿပိဳင္ပြဲအတြက္

ဝင္ခြင့္ကို သက္ဆိုင္ရာလိဂ္ၿပိဳင္ပြဲမွာရရွိခဲ့တဲ့ အဆင့္ထက္

ယူအီးအက္ဖ္ေအ coefficient ေပၚ တစ္စိတ္တစ္ပိုင္း

မူတည္ၿပီး ဆုံးျဖတ္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

coefficient သတ္မွတ္ခ်က္ဆိုတာ ကလပ္အသင္းေတြရဲ႕

ဖီဖာ အဆင့္သတ္မွတ္ခ်က္ ႏွင့္ လြန္ခဲ့တဲ့ ( ၅ ) ႏွစ္က ရလာဒ္ေပၚ မူတည္ၿပီး

ဥေရာပကလပ္အသင္းေတြၾကား အဆင့္သတ္မွတ္ခ်က္ျဖစ္ပါတယ္။

လက္ရွိ coefficient သတ္မွတ္ခ်က္ကိုေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းက

ဦးေဆာင္ထားၿပီး အဂၤလန္လိပ္ကလပ္ေတြျဖစ္တဲ့ မန္ခ်က္စတာ စီးတီး ၊

လီဗာပူးလ္ ႏွင့္ ခ်ဲလ္ဆီးတို႔က ဒုတိယ ၊တတိယ ႏွင့္ စတုတၳေနရာေတြမွာ

အသီးသီး ရပ္တည္လ်က္ရွိပါတယ္။ အဆင့္ ( ၁၀ ) အတြင္းမွာ

စပိန္အင္အားႀကီးအသင္းေတြျဖစ္တဲ့ ရီးရဲ မက္ဒရစ္ ႏွင့္

ဘာစီလိုနာ ၊ အီတလီ ရဲ႕ ဂ်ဴဗင္တပ္ ႏွင့္

မန္ခ်က္စတာ ယူႏိုက္တက္တို႔လည္း ပါဝင္ေနပါတယ္။

ဂါးဒီးယန္းသတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါ အစီအစဥ္သစ္က

သက္ဆိုင္ရာျပည္တြင္းလိဂ္ေတြမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္သတ္မွတ္ခ်က္ အျပင္ကေန

ေဘာလုံးရာသီအဆုံးသတ္ခဲ့ေပမယ့္ ယူ႐ိုပါလိဂ္ ဝင္ခြင့္ရရွိထားတဲ့ ၊

ဒါမွမဟုတ္ ျပည္တြင္းဖလားတစ္ခုရရွိထားတဲ့ အသင္းေတြကို

ေနာက္ထပ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ (၂ ) ေနရာအတြက္ coefficient

သတ္မွတ္ခ်က္နဲ႔ ဆုံးျဖတ္မယ္လို႔ သိရပါတယ္။

အဆိုပါ အစီအစဥ္ကိုေတာ့ ယခုအပတ္အတြင္း ၾသစႀတီးယားႏိုင္ငံ ၊

ဗီယင္နာႏိုင္ငံမွာ က်င္းပမယ့္ ယူအီးအက္ဖ္ေအရဲ႕ အေထြေထြညီလာခံတြင္း

ဆက္ၿပီး ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။