
အက်သလက်တီကိုကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်ကန်နေချိန်အတွင်းမှာ
မန်ယူကွင်းလယ်လူပေါ့ဂ်ဘာရဲ့နေအိမ်ဟာ ဖောက်ထွင်းသူတွေရဲ့
ချိုးဖျက်ဝင်ရောက်ခြင်း ခံခဲ့ရပါတယ်။
အဲဒီပြင်သစ်သားဟာ တီကိုနဲ့ချန်ပီယံလိဂ်ပွဲမှာ
၆၇ မိနစ်ရောက်မှ လူစားဝင်လာခဲ့တာပါ။
ဒါပေမဲ့ နေအိမ်မှာ သူ့ကလေးတွေအိပ်ပျော်နေချိန်
ဖောက်ထွင်းခံရမှုဖြစ်သွားခဲ့တာကို အဲဒီအချိန်က မသိခဲ့ပါဘူး။
အခုတော့ ၂၉ နှစ်အရွယ် ပေါ့ဂ်ဘာက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့
Twitter ပေါ်မှာ သူ့နေအိမ်ဖောက်ထွင်းခံရမှုအကြောင်းကို အသိပေးခဲ့ပါတယ်။
”မနေ့ညက ကျွန်တော့်မိသားစုဟာ အဆိုးရွားဆုံးအိပ်မက်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
သူတို့အိပ်ခန်းထဲမှာ ကလေးတွေအိပ်ပျော်နေချိန် ဖောက်ထွင်းသူတွေက
ကျွန်တော့်အိမ်ကို ဝင်ရောက်လာခဲ့တာပါ။
ကျွန်တော်တို့အိမ်ထဲမှာ သူတို့ရှိခဲ့တာ ၅ မိနစ်တောင်မကြာလိုက်ပေမယ့်
အိမ်ထဲက အဖိုးတန်တာမှန်သမျှ ယူသွားခဲ့ပါတယ်။
အဲဒါဟာ မနေ့ညပွဲရဲ့နောက်ဆုံးမိနစ်တွေမှာ ဖြစ်သွားခဲ့တာပါ။
ကျွန်တော်အိမ်မှာရှိမနေမယ့်အချိန်ကို သူတို့သိပါတယ်။
သိသိချင်း ကျွန်တော့မိန်းမနဲ့ ကျွန်တော်ဟာ ကလေးတွေ
လုံခြုံရေးအတွက် အိမ်ကို အပြေးပြန်ခဲ့ပါတယ်။
ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေကို
ကာကွယ်ပေးရမယ့်နေရာမှာမရှိတာထက်
ကမ္ဘာပေါ်မှာ ဒီထက်ပိုဆိုးတဲ့ခံစားချက်မရှိတော့ပါဘူး။
ကျွန်တော်ခံစားခဲ့ရသလို ဘယ်သူမှထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်”လို့
ပေါ့ဂ်ဘာက Twiitter ပေါ်မှာ ရေးတင်ထားတာပါ။
ပေါ့ဘာရဲ့မန်ယူနဲ့စာချုပ်ဟာ လာမယ့်နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး
မန်ချက်စတာက သူ့အိမ်ဟာလည်း အခုလိုဖောက်ထွင်းခံရတာကြောင့်
အဲဒါက အသင်းက သူ့ရဲ့အနာဂါတ်အတွက် ကြီးမားတဲ့သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။
အဲဒီပြင်သစ်သားဟာ ပီအက်စ်ဂျီအပြင် ဂျူဗင်တပ်ကို ပြန်သွားဖို့လည်း သတင်းထွက်နေပါတယ်။
zawgyi
ခ်န္ပီယံလိဂ္ပြဲစဥ္ကန္ေနခ်ိန္ အိမ္ေဖာက္ထြင္းခံရေၾကာင္း အတည္ျပဳလိုက္တဲ့ ေပါ့ဂ္ဘာ
အက္သလက္တီကိုကို ၁-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္ကန္ေနခ်ိန္အတြင္းမွာ
မန္ယူကြင္းလယ္လူေပါ့ဂ္ဘာရဲ႕ေနအိမ္ဟာ ေဖာက္ထြင္းသူေတြရဲ႕
ခ်ိဳးဖ်က္ဝင္ေရာက္ျခင္း ခံခဲ့ရပါတယ္။
အဲဒီျပင္သစ္သားဟာ တီကိုနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ
၆၇ မိနစ္ေရာက္မွ လူစားဝင္လာခဲ့တာပါ။
ဒါေပမဲ့ ေနအိမ္မွာ သူ႔ကေလးေတြအိပ္ေပ်ာ္ေနခ်ိန္
ေဖာက္ထြင္းခံရမႈျဖစ္သြားခဲ့တာကို အဲဒီအခ်ိန္က မသိခဲ့ပါဘူး။
အခုေတာ့ ၂၉ ႏွစ္အ႐ြယ္ ေပါ့ဂ္ဘာက ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့
Twitter ေပၚမွာ သူ႔ေနအိမ္ေဖာက္ထြင္းခံရမႈအေၾကာင္းကို အသိေပးခဲ့ပါတယ္။
”မေန႔ညက ကြၽန္ေတာ့္မိသားစုဟာ အဆိုး႐ြားဆုံးအိပ္မက္ဆိုးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။
သူတို႔အိပ္ခန္းထဲမွာ ကေလးေတြအိပ္ေပ်ာ္ေနခ်ိန္ ေဖာက္ထြင္းသူေတြက
ကြၽန္ေတာ့္အိမ္ကို ဝင္ေရာက္လာခဲ့တာပါ။
ကြၽန္ေတာ္တို႔အိမ္ထဲမွာ သူတို႔ရွိခဲ့တာ ၅ မိနစ္ေတာင္မၾကာလိုက္ေပမယ့္
အိမ္ထဲက အဖိုးတန္တာမွန္သမွ် ယူသြားခဲ့ပါတယ္။
အဲဒါဟာ မေန႔ညပြဲရဲ႕ေနာက္ဆုံးမိနစ္ေတြမွာ ျဖစ္သြားခဲ့တာပါ။
ကြၽန္ေတာ္အိမ္မွာရွိမေနမယ့္အခ်ိန္ကို သူတို႔သိပါတယ္။
သိသိခ်င္း ကြၽန္ေတာ့မိန္းမနဲ႔ ကြၽန္ေတာ္ဟာ ကေလးေတြ
လုံၿခဳံေရးအတြက္ အိမ္ကို အေျပးျပန္ခဲ့ပါတယ္။
ဖခင္တစ္ေယာက္အေနနဲ႔ ကိုယ့္ကေလးေတြကို
ကာကြယ္ေပးရမယ့္ေနရာမွာမရွိတာထက္
ကမာၻေပၚမွာ ဒီထက္ပိုဆိုးတဲ့ခံစားခ်က္မရွိေတာ့ပါဘူး။
ကြၽန္ေတာ္ခံစားခဲ့ရသလို ဘယ္သူမွထပ္မျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔
ေပါ့ဂ္ဘာက Twiitter ေပၚမွာ ေရးတင္ထားတာပါ။
ေပါ့ဘာရဲ႕မန္ယူနဲ႔စာခ်ဳပ္ဟာ လာမယ့္ေႏြမွာ ကုန္ဆုံးမွာျဖစ္ၿပီး
မန္ခ်က္စတာက သူ႔အိမ္ဟာလည္း အခုလိုေဖာက္ထြင္းခံရတာေၾကာင့္
အဲဒါက အသင္းက သူ႔ရဲ႕အနာဂါတ္အတြက္ ႀကီးမားတဲ့သက္ေရာက္မႈျဖစ္ေစႏိုင္ပါတယ္။
အဲဒီျပင္သစ္သားဟာ ပီအက္စ္ဂ်ီအျပင္ ဂ်ဴဗင္တပ္ကို ျပန္သြားဖို႔လည္း သတင္းထြက္ေနပါတယ္။