ချန်ပီယံလိဂ်ပြိုင်ပွဲဝင် ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ဝင်ငွေရရှိမှုအနည်းဆုံးဖြစ်ခဲ့တဲ့ ယူနိုက်တက်

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရတဲ့

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်

ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ဝင်ငွေရရှိမှုအနည်းဆုံးအသင်းအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ

အုပ်စုအဆင့်မှာကတည်းက ရုန်းကန်ခဲ့ရတာဖြစ်ပြီး (၆)ပွဲကစား၊ (၃)ပွဲသာ

အနိုင်ရခဲ့ပေမယ့် အုပ်စုပထမနေရာနဲ့ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာတော့

အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

နှစ်ကျော့ပေါင်းရလဒ်(၂-၁)ဂိုးနဲ့ပြိုင်ပွဲကထွက်ခဲ့ရသလို

ပရီးမီးယားလိဂ်ကလပ်(၄)သင်းထဲမှာ ရှုံးထွက်(၁၆)သင်းအဆင့်က

လှည့်ပြန်ခဲ့ရတဲ့တစ်သင်းတည်းသောအသင်းလည်းဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲတွေမတိုင်ခင် အင်္ဂလန်၊ စပိန်၊ အီတလီ၊ ဂျာမနီ၊

ပြင်သစ်၊ ပေါ်တူဂီစတဲ့ထိပ်သီးလိဂ်(၆)ခုက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်အသင်းတွေ

ဘယ်လောက်အထိဝင်ငွေရရှိကြလဲဆိုတာကို Swiss Ramble

ဝက်ဘ်ဆိုက်ကဖော်ပြခဲ့တာမှာ ယူနိုက်တက်အသင်းဟာ

ပေါင်(၆၈)သန်းနဲ့အဆင့်(၈)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

သူတို့အသင်းရဲ့အထက်မှာ လီဗာပူးလ်(ပေါင်ရရသန်း)၊

PSG (ပေါင်ရ၈သန်း)တို့ ရပ်တည်နေပြီး လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းကတော့

PSG အသင်းနဲ့အတူ ပေါင်(၇၈)သန်းစီရရှိခဲ့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာ ဘင်ဖီကာနဲ့ဆုံတွေ့ရမယ့် မန်စီးတီးအသင်းဟာ

ပေါင်(၈၃)သန်းနဲ့ တတိယအများဆုံးဖြစ်နေပြီး ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်က

ပေါင်(၉၃)သန်းနဲ့အဆင့်(၁)၊ ရီးယဲလ်အသင်းက ပေါင်(၈၈)သန်းနဲ့

အဆင့်(၂)နေရာတွေမှာ ရပ်တည်နိုင်ခဲ့ကြပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ဝင္ေငြရရွိမႈအနည္းဆုံးျဖစ္ခဲ့တဲ့ ယူႏိုက္တက္

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရတဲ့

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္

ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ ဝင္ေငြရရွိမႈအနည္းဆုံးအသင္းအျဖစ္

မွတ္တမ္းဝင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ

အုပ္စုအဆင့္မွာကတည္းက ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး (၆)ပြဲကစား၊ (၃)ပြဲသာ

အႏိုင္ရခဲ့ေပမယ့္ အုပ္စုပထမေနရာနဲ႔ရႈံးထြက္(၁၆)သင္းအဆင့္ကို

တက္ေရာက္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ ရႈံးထြက္(၁၆)သင္းအဆင့္မွာေတာ့

အက္သလက္တီကိုအသင္းကို အိမ္ကြင္းမွာ(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္

ႏွစ္ေက်ာ့ေပါင္းရလဒ္(၂-၁)ဂိုးနဲ႔ၿပိဳင္ပြဲကထြက္ခဲ့ရသလို

ပရီးမီးယားလိဂ္ကလပ္(၄)သင္းထဲမွာ ရႈံးထြက္(၁၆)သင္းအဆင့္က

လွည့္ျပန္ခဲ့ရတဲ့တစ္သင္းတည္းေသာအသင္းလည္းျဖစ္ပါတယ္။

ကြာတားဖိုင္နယ္ပြဲေတြမတိုင္ခင္ အဂၤလန္၊ စပိန္၊ အီတလီ၊ ဂ်ာမနီ၊

ျပင္သစ္၊ ေပၚတူဂီစတဲ့ထိပ္သီးလိဂ္(၆)ခုက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္အသင္းေတြ

ဘယ္ေလာက္အထိဝင္ေငြရရွိၾကလဲဆိုတာကို Swiss Ramble

ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့တာမွာ ယူႏိုက္တက္အသင္းဟာ

ေပါင္(၆၈)သန္းနဲ႔အဆင့္(၈)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

သူတို႔အသင္းရဲ႕အထက္မွာ လီဗာပူးလ္(ေပါင္ရရသန္း)၊

PSG (ေပါင္ရ၈သန္း)တို႔ ရပ္တည္ေနၿပီး လက္ရွိခ်န္ပီယံခ်ယ္လ္ဆီးအသင္းကေတာ့

PSG အသင္းနဲ႔အတူ ေပါင္(၇၈)သန္းစီရရွိခဲ့တာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္မွာ ဘင္ဖီကာနဲ႔ဆုံေတြ႕ရမယ့္ မန္စီးတီးအသင္းဟာ

ေပါင္(၈၃)သန္းနဲ႔ တတိယအမ်ားဆုံးျဖစ္ေနၿပီး ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္က

ေပါင္(၉၃)သန္းနဲ႔အဆင့္(၁)၊ ရီးယဲလ္အသင္းက ေပါင္(၈၈)သန္းနဲ႔

အဆင့္(၂)ေနရာေတြမွာ ရပ္တည္ႏိုင္ခဲ့ၾကပါတယ္။