
အက်သလက်တီကိုကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီးနောက်
သူတို့ခံစားရတာကို စကားလုံးနဲ့ဖော်ပြဖို့ ခက်ခဲကြောင်း
မန်ယူဂိုးသမားဒီဂီယာက ပွဲပြီးအင်တာဗျူးမှာ ဖွင့်လိုက်ပါတယ်။
အိုးလ်ထရက်ဖို့ဒ်က အဲဒီရှုံးပွဲကြောင့် မန်ယူဟာ
ဖလားလက်မဲ့ ၅ ရာသီဆက် ဖြစ်သွားခဲ့တာပါ။
ဒါ့အပြင် လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေရပါတယ်။
၂၀၁၇ က ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီးနောက်ပိုင်း လက်ကျန်ရာသီမှာ
ချန်ပီယံလိဂ်ဟာ မန်ယူအတွက် တစ်ခုတည်းသောဆုဖလားမျှော်လင့်ချက်ဖြစ်ပေမယ့်
အဲဒါကို အက်သလက်တီကိုက ရိုက်ချိုးခဲ့တာပါ။
ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ဒီဂီယာက
”ကျွန်တော်တို့ ခံစားနေရတာကို စကားလုံးတွေနဲ့ ဖော်ပြဖို့က ခက်ခဲပါတယ်။
ကျွန်တော်တို့အတွက် နောက်ထပ်ခက်ခဲတဲ့အခိုက်အတန့်ပါပဲ။
နှစ်ကျော့စလုံးမှာ ကျွန်တော်တို့ဟာ အက်သလက်တီကိုကို
အနိုင်ယူနိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ သူတို့ဟာ အတွေ့အကြုံရင့်အသင်းတစ်သင်းပါ။
ဒီလိုပွဲတွေကို ဘယ်လိုကစားရမယ်ဆိုတာကိုလည်း
ကောင်းကောင်းသိပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒီတစ်ကြိမ်ချန်ပီယံလိဂ်က ထွက်ခဲ့ရမှုဟာ စိတ်အပျက်ရဆုံးလားလို့ မေးမြန်းတော့
ဒီဂီယာက”ဟုတ်ကဲ့။ ချန်ပီယံလိဂ်ကထွက်ရပြီဆိုတာနဲ့ အမြဲတမ်းခက်ခဲပါတယ်။
အထူးသဖြင့် ဒီလိုပုံစံနဲ့ဆိုရင်ပေါ့။ ကျွန်တော်တို့ဟာ မက်ဒရစ်မှာ သရေယူနိုင်ခဲ့ပေမယ့်
ကိုယ့်ပရိသတ်ရှေ့မှောက်ကျမှ ရှုံးခဲ့တာပါ။ ရိုးရိုးသားသားပြောရရင်
ဒီပွဲနိုင်သင့်သလားဆိုတာကိုတောင် ကျွန်တော်မသိပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့အတွက် နောက်ထပ်နှစ်ဆိုးတစ်ခုဖြစ်သွားခဲ့တယ်။
အဲဒါကြောင့် အရမ်းအရမ်းကိုခက်ခဲပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၅ နှစ်ဆက်ဖလားလက်မဲ့ဖြစ်ခဲ့ရုံတင်မဟုတ်ဘဲ
၂၀၀၃ မှာ ဖာဂူဆန်အနားယူသွားပြီးကတည်းက
ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခြင်းမရှိတော့ပါဘူး။
zawgyi
ခ်န္ပီယံလိဂ္ကထြက္ခဲ့ရၿပီးေနာက္ ခံစားရတာကို စကားလုံးနဲ႔ေဖာ္ျပဖို႔ ခက္ခဲေၾကာင္း ဒီဂီယာ ဖြင့္ဟ
အက္သလက္တီကိုကိုအေရးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကထြက္ခဲ့ရၿပီးေနာက္
သူတို႔ခံစားရတာကို စကားလုံးနဲ႔ေဖာ္ျပဖို႔ ခက္ခဲေၾကာင္း
မန္ယူဂိုးသမားဒီဂီယာက ပြဲၿပီးအင္တာဗ်ဴးမွာ ဖြင့္လိုက္ပါတယ္။
အိုးလ္ထရက္ဖို႔ဒ္က အဲဒီရႈံးပြဲေၾကာင့္ မန္ယူဟာ
ဖလားလက္မဲ့ ၅ ရာသီဆက္ ျဖစ္သြားခဲ့တာပါ။
ဒါ့အျပင္ လက္ရွိပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ႐ုန္းကန္ေနရပါတယ္။
၂၀၁၇ က ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲၿပီးေနာက္ပိုင္း လက္က်န္ရာသီမွာ
ခ်န္ပီယံလိဂ္ဟာ မန္ယူအတြက္ တစ္ခုတည္းေသာဆုဖလားေမွ်ာ္လင့္ခ်က္ျဖစ္ေပမယ့္
အဲဒါကို အက္သလက္တီကိုက ႐ိုက္ခ်ိဳးခဲ့တာပါ။
ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ဝမ္းနည္းပက္လက္ျဖစ္ေနတဲ့ ဒီဂီယာက
”ကြၽန္ေတာ္တို႔ ခံစားေနရတာကို စကားလုံးေတြနဲ႔ ေဖာ္ျပဖို႔က ခက္ခဲပါတယ္။
ကြၽန္ေတာ္တို႔အတြက္ ေနာက္ထပ္ခက္ခဲတဲ့အခိုက္အတန႔္ပါပဲ။
ႏွစ္ေက်ာ့စလုံးမွာ ကြၽန္ေတာ္တို႔ဟာ အက္သလက္တီကိုကို
အႏိုင္ယူႏိုင္ဖို႔ မလုံေလာက္ခဲ့ပါဘူး။ သူတို႔ဟာ အေတြ႕အႀကဳံရင့္အသင္းတစ္သင္းပါ။
ဒီလိုပြဲေတြကို ဘယ္လိုကစားရမယ္ဆိုတာကိုလည္း
ေကာင္းေကာင္းသိပါတယ္”လို႔ ေျပာခဲ့ပါတယ္။
ဒီတစ္ႀကိမ္ခ်န္ပီယံလိဂ္က ထြက္ခဲ့ရမႈဟာ စိတ္အပ်က္ရဆုံးလားလို႔ ေမးျမန္းေတာ့
ဒီဂီယာက”ဟုတ္ကဲ့။ ခ်န္ပီယံလိဂ္ကထြက္ရၿပီဆိုတာနဲ႔ အၿမဲတမ္းခက္ခဲပါတယ္။
အထူးသျဖင့္ ဒီလိုပုံစံနဲ႔ဆိုရင္ေပါ့။ ကြၽန္ေတာ္တို႔ဟာ မက္ဒရစ္မွာ သေရယူႏိုင္ခဲ့ေပမယ့္
ကိုယ့္ပရိသတ္ေရွ႕ေမွာက္က်မွ ရႈံးခဲ့တာပါ။ ႐ိုး႐ိုးသားသားေျပာရရင္
ဒီပြဲႏိုင္သင့္သလားဆိုတာကိုေတာင္ ကြၽန္ေတာ္မသိပါဘူး။
ဒါေပမဲ့ ကြၽန္ေတာ္တို႔အတြက္ ေနာက္ထပ္ႏွစ္ဆိုးတစ္ခုျဖစ္သြားခဲ့တယ္။
အဲဒါေၾကာင့္ အရမ္းအရမ္းကိုခက္ခဲပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၅ ႏွစ္ဆက္ဖလားလက္မဲ့ျဖစ္ခဲ့႐ုံတင္မဟုတ္ဘဲ
၂၀၀၃ မွာ ဖာဂူဆန္အနားယူသြားၿပီးကတည္းက
ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ျခင္းမရွိေတာ့ပါဘူး။