ချစ်သူနဲ့ အဆင်ပြန်ပြေတော့မှ နှစ်ပွဲဆက် ဂိုးသွင်းလိုက်တဲ့ ရက်ရှ်ဖို့ဒ်

ကြားရက်မှာ ဘရန့်ဖို့ဒ်ကို ၁-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်လာပြီး

ဂိုးသွင်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာဒီပွဲမှာလည်း ဒုတိယပိုင်းမှာ

လူစားဝင်ကစားရင်း အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ချစ်သူနဲ့အဆင်ပြန်ပြေလာတော့မှ နှစ်ပွဲဆက် သွင်းဂိုးတွေရရှိလာတာကလည်း

ရက်ရှ်ဖို့ဒ်အတွက် ပြောစရာဖြစ်အောင် ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ဝက်ဟမ်းကိုအနိုင်ရယူခဲ့တာဟာ ဒုတိယပိုင်းမှာ နည်းပြရန်နစ်ခ်ရဲ့လူစားလဲမှန်ကန်မှုနဲ့

ပြောင်းလဲလိုက်တဲ့ (၄-၂-၄) ဆန်ဆန်ကစားကွက်ကြောင့် လို့ဆိုရမှာပါ။

ပထမပိုင်းမှာ ဂိုးမရခဲ့လို့ ဒုတိယပိုင်းမှာ (၆၂)မိနစ်မှာ အီလန်ဂါအစား

ရက်ရှ်ဖို့ဒ် ဝင်ကစားခဲ့သလို(၈၂) မိနစ်မှာ ဖရက်နဲ့ ကာဗာနီ၊

ဂရင်းဝုဒ်နဲ့ မာရှယ် တို့ကိုလူစားလဲခဲ့ပြီး

စီရော်နယ်ဒို ရှိနေတဲ့တိုက်စစ်မှာ (၄) ယောက်တန်းတိုက်စစ်နဲ့ အင်အားထပ်ဖြည့်ပြီး

ကစားကွက်ဖော်ဆောင်ခဲ့တဲ့ ရန်းနစ်ရဲ့ နည်းဗျူဟာက

နောက်ဆုံးမိနစ်မှာ အလုပ်ဖြစ်ခဲ့ပါတယ်။

နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ စီရော်နယ်လ်ဒိုကနေ မာစီယဲလ်၊

မာစီယဲလ်က ပယ်နယ်တီဧရိယာဘယ်ခြမ်းထဲကို ပြေးဝင်လာတဲ့ ကာဗာနီကို ပေး၊

ကာဗာနီက ပြန်ချိုးပေးလိုက်တာမှာ ရက်ရှ်ဖို့ဒ် က အနီးကပ် ပိတ်သွင်းယူသွားခဲ့ပြီး

အဖိုးတန် ရမှတ် ၃ မှတ် ရယူပေးခဲ့တာဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းယူခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ပွဲပြီးအင်တာဗျူးအစီအစဉ်မှာ

” ဒါက အရေးပါတဲ့ သွင်းဂိုးတစ်ခုဖြစ်ပြီး

အခုလိုနောက်ကျပြီးမှ သွင်းနိုင်ခဲ့တာကလည်း အံ့သြစရာကောင်းတဲ့

ခံစားမှုတစ်ခုကိုရစေပါတယ်။

ကျွန်တော်တို့က ဒီအနိုင်ရတဲ့ခံစားချက်ကို ဆက်အသုံးချရမှာပါ။

ကျွန်တော်တို့တွေဒီထက်ပိုပြီး ကောင်းကောင်း လုပ်နိုင်ပါသေးတယ်။

အခု လိုအပ်နေတဲ့ဂိုးကို ရအောင်ယူနိုင်ခဲ့လို့ အသင်းမှာလည်း

လှုံ့ဆော်မှုကောင်းတွေဖြစ်လာနေပါပြီ။

အမှတ်ပေးဇယားမှာ အရမ်းနီးကပ်နေတဲ့

အသင်းနှစ်သင်း ယှဉ်ပြိုင်ချိန်မှာ တစ်သင်းရဲ့ရှေ့ကို

ရောက်ဖို့ဆိုတာမျိုးက အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ရတာဖြစ်သလို

ကျွန်တော်တို့အသင်း ဒီနေ့မှာ သူတို့ရဲ့ အပေါ်ကို ရောက်အောင်သွားနိုင်ခဲ့ပါတယ်။

အခု ကျွန်တော်တို့ နံပါတ်လေးနေရာကို ရောက်လာခဲ့ပါပြီ။

တချို့အသင်းတွေက ပွဲတွေ ကစားရဦးမှာပါ။

အခုရှိနေတဲ့ အနေအထားကလည်း အတော်လေး ကောင်းပါတယ်။

အရေးကြီးတာက နိုင်ပွဲတွေ ဆက်ရနေဖို့ပါပဲ။

ဆက်တိုက် နိုင်ပွဲတွေ ရယူလာနိုင်မယ်ဆိုရင်

လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားနိုင်ပြီး

အားလုံးကို ယုံကြည်မှုတွေပိုရလာစေမှာပါ။

ကျွန်တော်တို့မှာ ခက်ခဲတဲ့ ရက်သတ္တပတ်တွေ ရှိခဲ့ပါတယ်။

တစ်ပတ်အတွင်း ပွဲတွေ အများကြီး ကစားခဲ့ရတာကြောင့်

အနားယူဖို့ လိုအပ်ပါတယ်။

ပွဲပြီးလို့ နိုင်ပွဲရခဲ့တော့ ပင်ပန်းရကျိုးနပ်ခဲ့တာပေါ့ဗျာ။

ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ခံစားချက်ပါ” ဆိုပြီး

ပြောကြားသွားခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲချိန် မိနစ် 90မှာ

သွင်းယူခဲ့တဲ့ ဂိုး(၄) ဂိုးအထိရှိလာခဲ့ပြီး

အခြားမန်ချက်စတာယူနိုက်တက် ကစားသမားတွေထက်

အနည်းဆုံး နှစ်ဆပိုများပါတယ်။

ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒီလိုနောက်ဆုံးမိနစ်မှာ နိုင်ပွဲအများဆုံးရယူပေးနိုင်တဲ့

ကစားသမားအဖြစ်လည်း ရက်ရှ်ဖို့ဒ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပရီမီးယာလိဂ်ဟာ အခုဆိုရင် ပွဲစဉ် (၂၃)ကိုရောက်ရှိလာနေခဲ့ပြီးပေမယ့်

အာဆင်နယ်နဲ့ စပါးတို့ဟာယူနိုက်တက်ထက် ပွဲအနည်းငယ် လျော့နည်းနေပါတယ်။

ဒီအသင်းတွေရဲ့လက်ရှိအမှတ်တွေဟာ

လက်ကျန်ပွဲတွေ အနိုင်ရမယ်ဆိုရင် အဆင့် ၄ နေရာကို ဝင်ယူသွားနိုင်ပါတယ်။

ဒါကြောင့် ဒီနှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့်အဆင့် ၄ နေရာအတွက်

ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာပါတော့မယ်။

zawgyi

ခ်စ္သူနဲ႔ အဆင္ျပန္ေျပေတာ့မွ ႏွစ္ပြဲဆက္ ဂိုးသြင္းလိုက္တဲ့ ရက္ရွ္ဖို႔ဒ္

ၾကားရက္မွာ ဘရန႔္ဖို႔ဒ္ကို ၁-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္လာၿပီး

ဂိုးသြင္းႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာဒီပြဲမွာလည္း ဒုတိယပိုင္းမွာ

လူစားဝင္ကစားရင္း အႏိုင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ခ်စ္သူနဲ႔အဆင္ျပန္ေျပလာေတာ့မွ ႏွစ္ပြဲဆက္ သြင္းဂိုးေတြရရွိလာတာကလည္း

ရက္ရွ္ဖို႔ဒ္အတြက္ ေျပာစရာျဖစ္ေအာင္ ထူးျခားတဲ့ တိုက္ဆိုင္မႈတစ္ခုပါပဲ။

ဝက္ဟမ္းကိုအႏိုင္ရယူခဲ့တာဟာ ဒုတိယပိုင္းမွာ နည္းျပရန္နစ္ခ္ရဲ႕လူစားလဲမွန္ကန္မႈနဲ႔

ေျပာင္းလဲလိုက္တဲ့ (၄-၂-၄) ဆန္ဆန္ကစားကြက္ေၾကာင့္ လို႔ဆိုရမွာပါ။

ပထမပိုင္းမွာ ဂိုးမရခဲ့လို႔ ဒုတိယပိုင္းမွာ (၆၂)မိနစ္မွာ အီလန္ဂါအစား

ရက္ရွ္ဖို႔ဒ္ ဝင္ကစားခဲ့သလို(၈၂) မိနစ္မွာ ဖရက္နဲ႔ ကာဗာနီ၊

ဂရင္းဝုဒ္နဲ႔ မာရွယ္ တို႔ကိုလူစားလဲခဲ့ၿပီး

စီေရာ္နယ္ဒို ရွိေနတဲ့တိုက္စစ္မွာ (၄) ေယာက္တန္းတိုက္စစ္နဲ႔ အင္အားထပ္ျဖည့္ၿပီး

ကစားကြက္ေဖာ္ေဆာင္ခဲ့တဲ့ ရန္းနစ္ရဲ႕ နည္းဗ်ဴဟာက

ေနာက္ဆုံးမိနစ္မွာ အလုပ္ျဖစ္ခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ စီေရာ္နယ္လ္ဒိုကေန မာစီယဲလ္၊

မာစီယဲလ္က ပယ္နယ္တီဧရိယာဘယ္ျခမ္းထဲကို ေျပးဝင္လာတဲ့ ကာဗာနီကို ေပး၊

ကာဗာနီက ျပန္ခ်ိဳးေပးလိုက္တာမွာ ရက္ရွ္ဖို႔ဒ္ က အနီးကပ္ ပိတ္သြင္းယူသြားခဲ့ၿပီး

အဖိုးတန္ ရမွတ္ ၃ မွတ္ ရယူေပးခဲ့တာျဖစ္ပါတယ္။

အႏိုင္ဂိုးသြင္းယူခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ပြဲၿပီးအင္တာဗ်ဴးအစီအစဥ္မွ

ာ” ဒါက အေရးပါတဲ့ သြင္းဂိုးတစ္ခုျဖစ္ၿပီး

အခုလိုေနာက္က်ၿပီးမွ သြင္းႏိုင္ခဲ့တာကလည္း အံ့ၾသစရာေကာင္းတဲ့

ခံစားမႈတစ္ခုကိုရေစပါတယ္။

ကြၽန္ေတာ္တို႔က ဒီအႏိုင္ရတဲ့ခံစားခ်က္ကို ဆက္အသုံးခ်ရမွာပါ။

ကြၽန္ေတာ္တို႔ေတြဒီထက္ပိုၿပီး ေကာင္းေကာင္း လုပ္ႏိုင္ပါေသးတယ္။

အခု လိုအပ္ေနတဲ့ဂိုးကို ရေအာင္ယူႏိုင္ခဲ့လို႔ အသင္းမွာလည္း

လႈံ႕ေဆာ္မႈေကာင္းေတြျဖစ္လာေနပါၿပီ။

အမွတ္ေပးဇယားမွာ အရမ္းနီးကပ္ေနတဲ့

အသင္းႏွစ္သင္း ယွဥ္ၿပိဳင္ခ်ိန္မွာ တစ္သင္းရဲ႕ေရွ႕ကို

ေရာက္ဖို႔ဆိုတာမ်ိဳးက အစြမ္းကုန္ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္သလို

ကြၽန္ေတာ္တို႔အသင္း ဒီေန႔မွာ သူတို႔ရဲ႕ အေပၚကို ေရာက္ေအာင္သြားႏိုင္ခဲ့ပါတယ္။

အခု ကြၽန္ေတာ္တို႔ နံပါတ္ေလးေနရာကို ေရာက္လာခဲ့ပါၿပီ။

တခ်ိဳ႕အသင္းေတြက ပြဲေတြ ကစားရဦးမွာပါ။

အခုရွိေနတဲ့ အေနအထားကလည္း အေတာ္ေလး ေကာင္းပါတယ္။

အေရးႀကီးတာက ႏိုင္ပြဲေတြ ဆက္ရေနဖို႔ပါပဲ။

ဆက္တိုက္ ႏိုင္ပြဲေတြ ရယူလာႏိုင္မယ္ဆိုရင္

လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိသြားႏိုင္ၿပီး

အားလုံးကို ယုံၾကည္မႈေတြပိုရလာေစမွာပါ။

ကြၽန္ေတာ္တို႔မွာ ခက္ခဲတဲ့ ရက္သတၱပတ္ေတြ ရွိခဲ့ပါတယ္။

တစ္ပတ္အတြင္း ပြဲေတြ အမ်ားႀကီး ကစားခဲ့ရတာေၾကာင့္

အနားယူဖို႔ လိုအပ္ပါတယ္။

ပြဲၿပီးလို႔ ႏိုင္ပြဲရခဲ့ေတာ့ ပင္ပန္းရက်ိဳးနပ္ခဲ့တာေပါ့ဗ်ာ။

ဒါက ကြၽန္ေတာ္တို႔အတြက္ ေကာင္းမြန္တဲ့ခံစားခ်က္ပါ” ဆိုၿပီး

ေျပာၾကားသြားခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲခ်ိန္ မိနစ္ 90မွာ

သြင္းယူခဲ့တဲ့ ဂိုး(၄) ဂိုးအထိရွိလာခဲ့ၿပီး

အျခားမန္ခ်က္စတာယူႏိုက္တက္ ကစားသမားေတြထက္

အနည္းဆုံး ႏွစ္ဆပိုမ်ားပါတယ္။

ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဒီလိုေနာက္ဆုံးမိနစ္မွာ ႏိုင္ပြဲအမ်ားဆုံးရယူေပးႏိုင္တဲ့

ကစားသမားအျဖစ္လည္း ရက္ရွ္ဖို႔ဒ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

ပရီမီးယာလိဂ္ဟာ အခုဆိုရင္ ပြဲစဥ္ (၂၃)ကိုေရာက္ရွိလာေနခဲ့ၿပီးေပမယ့္

အာဆင္နယ္နဲ႔ စပါးတို႔ဟာယူႏိုက္တက္ထက္ ပြဲအနည္းငယ္ ေလ်ာ့နည္းေနပါတယ္။

ဒီအသင္းေတြရဲ႕လက္ရွိအမွတ္ေတြဟာ

လက္က်န္ပြဲေတြ အႏိုင္ရမယ္ဆိုရင္ အဆင့္ ၄ ေနရာကို ဝင္ယူသြားႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီႏွစ္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရမယ့္အဆင့္ ၄ ေနရာအတြက္

ၿပိဳင္ဆိုင္မႈက ပိုၿပီး ျပင္းထန္လာပါေတာ့မယ္။