
ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးတွင်
ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ရဲ့မျက်နှာနှင့်စာသားတို့ဖြင့်
ထွန်းလင်းစေပြီး ဂန္ထဝင်မြောက်မွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။
ကလေးလေးယောက်အဖေ အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာ
ဒူဘိုင်းရှိမိုးမျှော်အဆောက်အဦးတွင်မီးထောင်ပေါင်းများစွာအသုံးပြုပြီး
အံ့ဩစရာကောင်းတဲ့ဓာတ်ပုံများသုံးကာဂျော်ဂျီနာရိုဒရီဂွက်ဇ်ကို
အံ့ဩစရာကောင်းတဲ့မွေးနေ့လက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒို၊ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာနာမည်ကျော်
Burj Khalifa အဆောက်အဦးကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့
ဗီဒီယိုနှင့်ဓာတ်ပုံများကို အင်စတာဂရမ်အကောင့်မှာတင်ခဲ့ပါတယ်။
Burj Khalifa အဆောက်အဉီဟာကမ္ဘာ့အမြင့်ဆုံးအဆောက်အဦဖြစ်သလို
ကမ္ဘာ့အကြီးမားဆုံး Display Screen ရှိရာအဆောက်အဦလည်းဖြစ်ပါတယ်။
မီးကြိုအရှည်မှာ၁၈မိုင်အထိရှည်လျားသလို
Pixel ပေါင်း၁.၁သန်းသုံးထားသလို မီးနှင့်
အခြားအသုံးအဆောင်တို့အတွက်၁၁၈တန်အသုံးပြုထားပါတယ်။
မီဒီယာများရဲ့ဖော်ပြချက်အရအဆိုပါအဆောက်အဦရဲ့
Display Screen တွင် ၃မိနစ်စာပရိုမိုးရှင်းကြော်ငြာ(သို့မဟုတ်)
မက်ဆော့ချ်ပြသရန်အတွက် ပေါင်၅၀၀၀၀အထိပေးရကြောင်းသိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်အားလပ်ရက်မှာ
ဂျော်ဂျီနာ၊သားသမီးများနှင့်အတူဒူဘိုင်းသို့ ပေါင်သန်း၂၀တန်
ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်လာရောက်အပန်းဖြေနေကြတာလည်းဖြစ်ပါတယ်။
ဂျော်ဂျီနာဟာဇန်နဝါရီလ၂၇ရက်နေ့ကအသက်၂၈နှစ်ပြည့်ခဲ့ပြီ
းယင်းနေ့တွင်ပင်သူမရဲ့မှတ်တမ်းရုပ်ရှင် I am Georgia ကို ထုတ်လွှင့်ခဲ့ပါတယ်။
zawgyi
ခ်စ္သူေဂ်ာ္ဂ်ီနာရဲ႕မ်က္ႏွာႏွင့္စာသားတို႔ျဖင့္ထြန္းလင္းေစၿပီး ဂႏၴဝင္ေျမာက္ေမြးေန႔လက္ေဆာင္
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔အျမင့္ဆုံးအေဆာက္အဦးတြင္
ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ရဲ႕မ်က္ႏွာႏွင့္စာသားတို႔ျဖင့္
ထြန္းလင္းေစၿပီး ဂႏၴဝင္ေျမာက္ေမြးေန႔လက္ေဆာင္ေပးခဲ့ပါတယ္။
ကေလးေလးေယာက္အေဖ အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာ
ဒူဘိုင္းရွိမိုးေမွ်ာ္အေဆာက္အဦးတြင္မီးေထာင္ေပါင္းမ်ားစြာအသုံးျပဳၿပီး
အံ့ဩစရာေကာင္းတဲ့ဓာတ္ပုံမ်ားသုံးကာေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကို
အံ့ဩစရာေကာင္းတဲ့ေမြးေန႔လက္ေဆာင္ေပးခဲ့တာလည္းျဖစ္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒို၊ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္တို႔ဟာနာမည္ေက်ာ္
Burj Khalifa အေဆာက္အဦးကိုေနာက္ခံထားၿပီး႐ိုက္ကူးထားတဲ့
ဗီဒီယိုႏွင့္ဓာတ္ပုံမ်ားကို အင္စတာဂရမ္အေကာင့္မွာတင္ခဲ့ပါတယ္။
Burj Khalifa အေဆာက္အဉီဟာကမာၻ႔အျမင့္ဆုံးအေဆာက္အဦျဖစ္သလို
ကမာၻ႔အႀကီးမားဆုံး Display Screen ရွိရာအေဆာက္အဦလည္းျဖစ္ပါတယ္။
မီးႀကိဳအရွည္မွာ၁၈မိုင္အထိရွည္လ်ားသလို
Pixel ေပါင္း၁.၁သန္းသုံးထားသလို မီးႏွင့္
အျခားအသုံးအေဆာင္တို႔အတြက္၁၁၈တန္အသုံးျပဳထားပါတယ္။
မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအဆိုပါအေဆာက္အဦရဲ႕
Display Screen တြင္ ၃မိနစ္စာပ႐ိုမိုးရွင္းေၾကာ္ျငာ(သို႔မဟုတ္)
မက္ေဆာ့ခ်္ျပသရန္အတြက္ ေပါင္၅၀၀၀၀အထိေပးရေၾကာင္းသိရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္အားလပ္ရက္မွာ
ေဂ်ာ္ဂ်ီနာ၊သားသမီးမ်ားႏွင့္အတူဒူဘိုင္းသို႔ ေပါင္သန္း၂၀တန္
ကိုယ္ပိုင္ဂ်က္ေလယာဥ္ျဖင့္လာေရာက္အပန္းေျဖေနၾကတာလည္းျဖစ္ပါတယ္။
ေဂ်ာ္ဂ်ီနာဟာဇန္နဝါရီလ၂၇ရက္ေန႔ကအသက္၂၈ႏွစ္ျပည့္ခဲ့ၿပီ
းယင္းေန႔တြင္ပင္သူမရဲ႕မွတ္တမ္း႐ုပ္ရွင္ I am Georgia ကို ထုတ္လႊင့္ခဲ့ပါတယ္။