ချစ်သူကိုကို ဗလက္ကာယမှု၊ နာကျင်စေမှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဂရင်းဝုဒ်

မန်ချက်စတာယူနိုက်တက်စတားမေဆင်ဂရင်းဝုဒ်ဟာချစ်သူကို

ဗလက္ကာယနှင့်နာကျင်စေမှုသံသယမှုတို့ဖြင့်

ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဂရိတ်တားမန်ချက်စတာမှရဲတပ်ဖွဲ့ဝင်များဟာမေဆင်ဂရင်းဝုဒ်ကို

ဘောဒွန်ရှိနေအိမ်သို့ဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၇၅၀၀၀ရရှိနေတဲ့

ဂရင်းဝုဒ်ရဲ့ချစ်သူဟာရီယက်ရော့ဘ်ဆင်က မနေ့တုန်းက

ယူနိုက်တက်စတားရဲ့တိုက်ခိုက်မှုကြောင့်

ခန္ဓာကိုယ်အနှံရရှိထားတဲ့ဒဏ်ရာများကို

ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးပြီး ဆိုရှယ်မီဒီယာမှာတင်ခဲ့ပါတယ်။

ယင်းနောက်ရဲတပ်ဖွဲ့ကအထက်ပါဖြစ်ရပ်ကိုစစ်ဆေးမှုပြုလုပ်ကာ

ဂရင်းဝုဒ်ကိုဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ဖြစ်ရပ်ကိုယူနိုက်တက်ကလည်းအတည်ပြုသွားပြီး

အသင်းတာဝန်မှရပ်ဆိုင်းလိုက်ပါတယ်။

ဂရင်းဝုဒ်ဟာအသက်၆နှစ်အရွယ်ကတည်းကယူနိုက်တက်သို့

ရောက်လာခဲ့သူဖြစ်ပြီးလူငယ်အသင်းအဆင့်ဆင့်တွင်ကစားပြီးနောက်

၂၀၁၉ခုနှစ်တုန်းကအသက်၁၇နှစ်အရွယ်တွင်

စီနီယာအသင်းသို့တက်လှမ်းနိုင်ခဲ့ပါတယ်။

သူဟာယူနိုက်တက်အတွက်၁၂၉ပွဲကစားထားသူဖြစ်ပြီး

အင်္ဂလန်ယူ-၁၇နှင့်ယူ-၂၁တို့တွင်ကစားခဲ့တဲ့အပြင်

အင်္ဂလန်စီနီယာအသင်းအတွက်လည်းတစ်ပွဲကစားထားပါတယ်။

zawgyi





















