ခေါင်းမူးဝေနေခဲ့ပေမယ့် လှပတဲ့အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာနေး

ဆာဒေယိုမာနေးဟာမနေ့ညတုန်းကဆီနီဂေါရဲ့

အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာခေါင်းမူးဝေနေခဲ့ပေမဲ့

လှပတဲ့အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မနေ့ညတုန်းကကိတ်ဗာဒီနှင့်ဆီနီဂေါတို့ရဲ့

အာဖရိကဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ကိတ်ဗာဒီမှ

အင်ဒရာဒီဟာပွဲချိန်၂၁မိနစ်မှာအထုတ်ခံခဲ့ရပါတယ်။

ယင်းနောက်ဒုတိယပိုင်း၅၇မိနစ်မှာကိတ်ဗာဒီမှဗိုဖင်ဟာဟာမာနေးနှင့်

ခေါင်းချင်းတိုက်မိမှုနဲ့အတူအနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။

မာနေးဟာခေါင်းချင်းဆောင့်မိလို့ ခေါင်းမူးဝေနေခဲ့ပေမဲ့

ပွဲကိုဆက်ကစားနိုင်ခဲ့ပါတယ်။

ယင်းနောက်၆၃မိနစ်မှာမာနေးဟာထောင့်ကန်ဘောကနေ

ခေါင်းတိုက်ရှင်းထုတ်လုပ်လိုက်တဲ့ဘောလုံးကနေဆီနီဂေါအတွက်

လှပတဲ့ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

မာနေးဟာဂိုးသွင်းပြီးနောက်ချက်ချင်းဆိုသလို

လူစားလဲလှယ်ရန်တောင်းဆိုခဲ့ပါတယ်။

ပွဲအပြီးတွင်မာနေးဟာအနီးရှိဆေးရုံတစ်ခုသို့

သွားရောက်စစ်ဆေးမှုခံယူခဲ့ပါတယ်။

မာနေးနဲ့ခေါင်းချင်းတိုက်မိလို့အနီကတ်ပြသခံခဲ့ရတဲ့

ဗိုဇင်ဟာလည်းစစ်ဆေးမှုခံယူခဲ့ရပါတယ်။

ဆီနီဂေါအတွက်ဒုတိယအနိုင်ဂိုးကိုမာနေးအစားလူစားဝင်လာတဲ့

ဘမ်ဘာဒင်းကနာကျင်အချိန်ပိုမှာသွင်းယူခဲ့ပါတယ်။

zawgyi

ေခါင္းမူးေဝေနခဲ့ေပမယ့္ လွပတဲ့အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ မာေနး

ဆာေဒယိုမာေနးဟာမေန႔ညတုန္းကဆီနီေဂါရဲ႕

အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာေခါင္းမူးေဝေနခဲ့ေပမဲ့

လွပတဲ့အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

မေန႔ညတုန္းကကိတ္ဗာဒီႏွင့္ဆီနီေဂါတို႔ရဲ႕

အာဖရိကဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ကိတ္ဗာဒီမွ

အင္ဒရာဒီဟာပြဲခ်ိန္၂၁မိနစ္မွာအထုတ္ခံခဲ့ရပါတယ္။

ယင္းေနာက္ဒုတိယပိုင္း၅၇မိနစ္မွာကိတ္ဗာဒီမွဗိုဖင္ဟာဟာမာေနးႏွင့္

ေခါင္းခ်င္းတိုက္မိမႈနဲ႔အတူအနီကတ္ျပအထုတ္ခံခဲ့ရပါတယ္။

မာေနးဟာေခါင္းခ်င္းေဆာင့္မိလို႔ ေခါင္းမူးေဝေနခဲ့ေပမဲ့

ပြဲကိုဆက္ကစားႏိုင္ခဲ့ပါတယ္။

ယင္းေနာက္၆၃မိနစ္မွာမာေနးဟာေထာင့္ကန္ေဘာကေန

ေခါင္းတိုက္ရွင္းထုတ္လုပ္လိုက္တဲ့ေဘာလုံးကေနဆီနီေဂါအတြက္

လွပတဲ့ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

မာေနးဟာဂိုးသြင္းၿပီးေနာက္ခ်က္ခ်င္းဆိုသလို

လူစားလဲလွယ္ရန္ေတာင္းဆိုခဲ့ပါတယ္။

ပြဲအၿပီးတြင္မာေနးဟာအနီးရွိေဆး႐ုံတစ္ခုသို႔

သြားေရာက္စစ္ေဆးမႈခံယူခဲ့ပါတယ္။

မာေနးနဲ႔ေခါင္းခ်င္းတိုက္မိလို႔အနီကတ္ျပသခံခဲ့ရတဲ့

ဗိုဇင္ဟာလည္းစစ္ေဆးမႈခံယူခဲ့ရပါတယ္။

ဆီနီေဂါအတြက္ဒုတိယအႏိုင္ဂိုးကိုမာေနးအစားလူစားဝင္လာတဲ့

ဘမ္ဘာဒင္းကနာက်င္အခ်ိန္ပိုမွာသြင္းယူခဲ့ပါတယ္။