
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာပထမဦးစားပေးဂိုးသမား
အလစ်ဆင်ဘက်ကာကိုယနေ့ညတွင်အာဆင်နယ်ကိုဧည့်ခံကစားရမယ့်
ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာအသုံးပြုသွားဖို့ရှိနေပါတယ်။
ဂျာမန်လူမျိုးနည်းပြဟာဖလားပြိုင်ပွဲများတွင်
အရန်ဂိုးသမားကယ်လီဟာကိုသာအသုံးပြုလာခဲ့တာပါ။
အသက်၂၃နှစ်ရှိဂိုးသမားဟာလက်စတာနှင့်ကွာတားဖိုင်နယ်ပွဲမှာ
ပင်နယ်တီအဆုံးအဖြတ်မှာလက်စွမ်းပြကာကွယ်ပြီး
ဆီမီးသို့ပို့ဆောင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့အလစ်ဆင်မှာကိုဗစ်ကြောင့်လီဗာပူးရဲ့နောက်ဆုံးပွဲနှစ်ပွဲကို
လွဲချော်ခဲ့သူဖြစ်ပြီးနှစ်ပတ်တိုင်တိုင်နားနေခဲ့ရပါတယ်။
ဒါကြောင့်လည်းကလော့ပ်ဟာ အလစ်ဆင်ကိုအာဆင်နယ်နှင့်ပွဲတွင်
ကစားခွင့်ပေးပြီးကြံ့ခိုင်မှုပိုင်းကောင်းမွန်လာအောင်လုပ်သွားဖို့ရှိနေပါတယ်။
ကလော့ပ်က “ကွီးဘာ(ကယ်လီဟာ)ကဒီပြိုင်ပွဲအတွက်ဂိုးသမားဖြစ်ပါတယ်။
ဒါပေမဲ့အခြေအနေကြောင့်အလီ မနက်ဖြန်ပွဲမှာကစားလာနိုင်ပါတယ်။
သူ့မှာပွဲကစားဖို့လိုအပ်နေပါတယ်။
နောက်ဆုံးဘယ်လိုဆုံးဖြတ်ဖြစ်မလဲကြည့်ရပါဦးမယ်။
ကိုဗစ်ကြောင့်သူအနားယူခဲ့ရတော့အလီကစားလာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။
ကွီးဘာကယ်လီဟာဟာအလစ်ဆင်အနားယူနေရစဉ်အတွင်း
ချဲလ်ဆီးနှင့်နှစ်ဂိုးစီသရေကျတဲ့ပွဲမှာရှရောဘူရီအားအနိုင်ရရှိတဲ့
အက်ဖ်အေဖလားပွဲတို့မှာပါဝင်ကစားခဲ့ပါတယ်။
အလစ်ဆင်ဟာလီဗာပူးမှာကစားလာခဲ့တာသုံးနှစ်ခွဲကြာမြင့်ပြီဖြစ်ပေမဲ့လည်း
ခါရာဘောင်ဖလားပွဲမှာတစ်ကြိမ်မျှမကစားဖူးပါဘူး။
ကလော့ပ်ဟာလည်းခါရာဘောင်ဖလားမှာ
အရန်ဂိုးသမားကိုသာအသုံးပြုလေ့ရှိပါတယ်။
zawgyi
ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ အလစ္ဆင္ကို သုံးလာဖို႔ရွိေနတဲ့ ကေလာ့ပ္
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာပထမဦးစားေပးဂိုးသမား
အလစ္ဆင္ဘက္ကာကိုယေန႔ညတြင္အာဆင္နယ္ကိုဧည့္ခံကစားရမယ့္
ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာအသုံးျပဳသြားဖို႔ရွိေနပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပဟာဖလားၿပိဳင္ပြဲမ်ားတြင္
အရန္ဂိုးသမားကယ္လီဟာကိုသာအသုံးျပဳလာခဲ့တာပါ။
အသက္၂၃ႏွစ္ရွိဂိုးသမားဟာလက္စတာႏွင့္ကြာတားဖိုင္နယ္ပြဲမွာ
ပင္နယ္တီအဆုံးအျဖတ္မွာလက္စြမ္းျပကာကြယ္ၿပီး
ဆီမီးသို႔ပို႔ေဆာင္ခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့အလစ္ဆင္မွာကိုဗစ္ေၾကာင့္လီဗာပူးရဲ႕ေနာက္ဆုံးပြဲႏွစ္ပြဲကို
လြဲေခ်ာ္ခဲ့သူျဖစ္ၿပီးႏွစ္ပတ္တိုင္တိုင္နားေနခဲ့ရပါတယ္။
ဒါေၾကာင့္လည္းကေလာ့ပ္ဟာ အလစ္ဆင္ကိုအာဆင္နယ္ႏွင့္ပြဲတြင္
ကစားခြင့္ေပးၿပီးႀကံ့ခိုင္မႈပိုင္းေကာင္းမြန္လာေအာင္လုပ္သြားဖို႔ရွိေနပါတယ္။
ကေလာ့ပ္က “ကြီးဘာ(ကယ္လီဟာ)ကဒီၿပိဳင္ပြဲအတြက္ဂိုးသမားျဖစ္ပါတယ္။
ဒါေပမဲ့အေျခအေနေၾကာင့္အလီ မနက္ျဖန္ပြဲမွာကစားလာႏိုင္ပါတယ္။
သူ႔မွာပြဲကစားဖို႔လိုအပ္ေနပါတယ္။
ေနာက္ဆုံးဘယ္လိုဆုံးျဖတ္ျဖစ္မလဲၾကည့္ရပါဦးမယ္။
ကိုဗစ္ေၾကာင့္သူအနားယူခဲ့ရေတာ့အလီကစားလာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ကြီးဘာကယ္လီဟာဟာအလစ္ဆင္အနားယူေနရစဥ္အတြင္း
ခ်ဲလ္ဆီးႏွင့္ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာရွေရာဘူရီအားအႏိုင္ရရွိတဲ့
အက္ဖ္ေအဖလားပြဲတို႔မွာပါဝင္ကစားခဲ့ပါတယ္။
အလစ္ဆင္ဟာလီဗာပူးမွာကစားလာခဲ့တာသုံးႏွစ္ခြဲၾကာျမင့္ၿပီျဖစ္ေပမဲ့လည္း
ခါရာေဘာင္ဖလားပြဲမွာတစ္ႀကိမ္မွ်မကစားဖူးပါဘူး။
ကေလာ့ပ္ဟာလည္းခါရာေဘာင္ဖလားမွာအရန္ဂိုးသမားကိုသာအသုံးျပဳေလ့ရွိပါတယ္။