
ခက်ခဲနေချိန်မှာ ကိုယ့်အနားရှိနေပေးသူတွေဟာ မိတ်ကောင်းဆွေကောင်းတွေဖြစ်ပြီး
အဲဒီအတွက် အခွင့်အရေးကြုံရင် ကျေးဇူးတုံ့ပြန်နိုင်ဖို့လည်း လိုပါတယ်။
အခုလည်း ချဲလ်ဆီးဟာ သူတို့ခက်ခဲနေချိန်မှာ အသင်းနဲ့လက်တွဲမဖြုတ်ခဲ့တဲ့
စပွန်ဆာ Trivago အတွက် ပြန်လည်ကျေးဇူးတုံ့ပြန်လိုက်ပါတယ်။
Trivago က ချဲလ်ဆီးနဲ့ လက်တွဲဖြုတ်ဖို့ တောင်းဆိုကြတာကို ငြင်းဆန်လိုက်ပြီး
ရက်ပိုင်းအကြာမှာပဲ သူတို့ရဲ့ကြောငြာတစ်ခုအတွက်
ကလပ်က အသင်းကြယ်ပွင့် ၃ ယောက်ကို လွှတ်ပေးခဲ့တာပါ။
ချဲလ်ဆီးကြယ်ပွင့်တွေဖြစ်တဲ့ မေဆန်မောင့်၊ ကိုင်ဟာဗက်ဇ်နဲ့ ဂျော်ဂျင်ဟိုတို့ဟာ
Trivago အတွက် ကြော်ငြာရိုက်ခံပေးကြတာ ဖြစ်ပါတယ်။
Trivago ဟာ ဂျာမန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး
ဟိုတယ်နဲ့ပတ်သက်ပြီး အွန်လိုင်းဝန်ဆောင်မှုပေးနေတာပါ။
လန်ဒန်က ဓာတ်ပုံရိုက်ကူးမှုအစီအစဉ်တစ်ခုမှာ ချဲလ်ဆီးကြယ်ပွင့် ၃ ယောက်ကို
အသင်းရဲ့tracksuit အင်္ကျီတွေနဲ့အတူ ဟိုတယ်စားပွဲခုံနား
မတ်တပ်ရပ်နေတဲ့ပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။
တခြားပုံတွေမှာလည်း အင်္ဂလန်ကြယ်ပွင့်မေဆန်မောင့်ဟာ Trivago လိုဂိုနဲ့
လေ့ကျင့်ရေးဝတ်စုံကိုဝတ်ပြီး ကနေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့အပတ် နယူးကာဆယ်နဲ့ပွဲမှာ တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးသွင်းပေးခဲ့တဲ့
ကိုင်ဟာဗက်ဇ်ကတော့ ဟူဒီဝတ်ပြီး လမ်းလျှောက်နေကာ
သူ့နောက်မှာ ကင်မရာမန်းတစ်ယောက်လည်းပါတာ တွေ့ရပါတယ်။
အသင်းပိုင်ရှင်မိုဗစ်ချ်ကို ပိတ်ပင်မှုတွေလုပ်လိုက်ပြီးနောက်
အင်္ကျီစပွန်ဆာ Three နဲ့ တောင်ကိုရီးယားကားကုမ္ပဏီ Hyundai တို့ဟာ
ချဲလ်ဆီးနဲ့စပွန်ဆာစာချုပ်တွေကို ယာယီရပ်ဆိုင်းခဲ့ကြတာပါ။
ကလပ်ရဲ့လေ့ကျင့်ရေးဝတ်စုံစပွန်ဆာဖြစ်တဲ့ Trivago ကတော့
စပွန်ဆာဆက်ပေးဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
Trivago ဟာ ပြီးခဲ့တဲ့နှစ် မေလကမှ ချဲလ်ဆီးနဲ့
နှစ်များစွာသက်တမ်းရှိမယ့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့တာပါ။
Trivago နဲ့စပွန်ဆာစာချုပ်တန်ဖိုးကို လူသိရှင်ကြားမထုတ်ပြန်ခဲ့ပေမယ့်
အရင်စပွန်ဆာ Carabao တုန်းကတော့ ပေါင် ၁၀ သန်းဝန်းကျင်ရှိခဲ့ပါတယ်။
zawgyi
ခက္ခဲေနခ်ိန္မွာ အနားရွိေနေပးတဲ့ စပြန္ဆာ Trivago ကို ၾကယ္ပြင့္ေတြေစလႊတ္ေပးခဲ့တဲ့ ခ်ဲလ္ဆီး
ခက္ခဲေနခ်ိန္မွာ ကိုယ့္အနားရွိေနေပးသူေတြဟာ မိတ္ေကာင္းေဆြေကာင္းေတြျဖစ္ၿပီး
အဲဒီအတြက္ အခြင့္အေရးႀကဳံရင္ ေက်းဇူးတုံ႔ျပန္ႏိုင္ဖို႔လည္း လိုပါတယ္။
အခုလည္း ခ်ဲလ္ဆီးဟာ သူတို႔ခက္ခဲေနခ်ိန္မွာ အသင္းနဲ႔လက္တြဲမျဖဳတ္ခဲ့တဲ့
စပြန္ဆာ Trivago အတြက္ ျပန္လည္ေက်းဇူးတုံ႔ျပန္လိုက္ပါတယ္။
Trivago က ခ်ဲလ္ဆီးနဲ႔ လက္တြဲျဖဳတ္ဖို႔ ေတာင္းဆိုၾကတာကို ျငင္းဆန္လိုက္ၿပီး
ရက္ပိုင္းအၾကာမွာပဲ သူတို႔ရဲ႕ေၾကာျငာတစ္ခုအတြက္
ကလပ္က အသင္းၾကယ္ပြင့္ ၃ ေယာက္ကို လႊတ္ေပးခဲ့တာပါ။
ခ်ဲလ္ဆီးၾကယ္ပြင့္ေတြျဖစ္တဲ့ ေမဆန္ေမာင့္၊ ကိုင္ဟာဗက္ဇ္နဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ဟာ
Trivago အတြက္ ေၾကာ္ျငာ႐ိုက္ခံေပးၾကတာ ျဖစ္ပါတယ္။
Trivago ဟာ ဂ်ာမန္နည္းပညာကုမၸဏီတစ္ခုျဖစ္ၿပီး
ဟိုတယ္နဲ႔ပတ္သက္ၿပီး အြန္လိုင္းဝန္ေဆာင္မႈေပးေနတာပါ။
လန္ဒန္က ဓာတ္ပုံ႐ိုက္ကူးမႈအစီအစဥ္တစ္ခုမွာ ခ်ဲလ္ဆီးၾကယ္ပြင့္ ၃ ေယာက္ကို
အသင္းရဲ႕tracksuit အက်ႌေတြနဲ႔အတူ ဟိုတယ္စားပြဲခုံနား
မတ္တပ္ရပ္ေနတဲ့ပုံေတြကို ေတြ႕ျမင္ခဲ့ရပါတယ္။
တျခားပုံေတြမွာလည္း အဂၤလန္ၾကယ္ပြင့္ေမဆန္ေမာင့္ဟာ Trivago လိုဂိုနဲ႔
ေလ့က်င့္ေရးဝတ္စုံကိုဝတ္ၿပီး ကေနတာကို ေတြ႕ရပါတယ္။
ၿပီးခဲ့တဲ့အပတ္ နယူးကာဆယ္နဲ႔ပြဲမွာ တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးသြင္းေပးခဲ့တဲ့
ကိုင္ဟာဗက္ဇ္ကေတာ့ ဟူဒီဝတ္ၿပီး လမ္းေလွ်ာက္ေနကာ
သူ႔ေနာက္မွာ ကင္မရာမန္းတစ္ေယာက္လည္းပါတာ ေတြ႕ရပါတယ္။
အသင္းပိုင္ရွင္မိုဗစ္ခ်္ကို ပိတ္ပင္မႈေတြလုပ္လိုက္ၿပီးေနာက္
အက်ႌစပြန္ဆာ Three နဲ႔ ေတာင္ကိုရီးယားကားကုမၸဏီ Hyundai တို႔ဟာ
ခ်ဲလ္ဆီးနဲ႔စပြန္ဆာစာခ်ဳပ္ေတြကို ယာယီရပ္ဆိုင္းခဲ့ၾကတာပါ။
ကလပ္ရဲ႕ေလ့က်င့္ေရးဝတ္စုံစပြန္ဆာျဖစ္တဲ့ Trivago ကေတာ့
စပြန္ဆာဆက္ေပးဖို႔သာ ဆုံးျဖတ္ခဲ့ပါတယ္။
Trivago ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလကမွ ခ်ဲလ္ဆီးနဲ႔
ႏွစ္မ်ားစြာသက္တမ္းရွိမယ့္ စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။
Trivago နဲ႔စပြန္ဆာစာခ်ဳပ္တန္ဖိုးကို လူသိရွင္ၾကားမထုတ္ျပန္ခဲ့ေပမယ့္
အရင္စပြန္ဆာ Carabao တုန္းကေတာ့ ေပါင္ ၁၀ သန္းဝန္းက်င္ရွိခဲ့ပါတယ္။