မနေ့ည (သောကြာည) ကတော့ ရွေးချယ်မှု ရာနှုန်းပြည့်မှန်ခဲ့ ပါတယ်။
ဆက်ဆူအိုလိုပွဲဆိုတော့ ထုံးစံအတိုင်းဂိုးအပေါ်ဆိုပြီး ရွေးပေးခဲ့ရာမှာ
သွေးထွက်အောင်မှန်ခဲ့သလို ဂျီနိုအာ – တိုရီနို ပွဲမှာလည်း
ဂျီနိုအာအောက်စုံရွေးပေးခဲ့ရာမှာ ဂျီနိုအာ ၁-ဝနဲ့နိုင် ခဲ့တာမို့ ၂ကျပ်ကွက်ရခဲ့ပါတယ်။
ဒီကနေ့ည(စနေည)မှာလည်း ဆက်အောင်ပွဲခံနိုင်အောင်
အကောင်းဆုံး သုံးသပ်ရွေးချယ်ထားပါတယ်။
နာပိုလီ vs အူဒီးနီးစ်
နာပိုလီ ဂိုးပြတ်နိုင်ပွဲမရတာကြာပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲမှာ
နိုင်ခဲ့တဲ့ ၂ပွဲလုံးက ၂-၁ ရလဒ်တွေသာ ထွက်ခဲ့တာပါ။ ချန်ပီယံဆုအတွက်
အရေးပါတဲ့ကာလရောက်ပြီမို့ ဂိုးပြတ်ဖို့ထက် နိုင်ဖို့ ကိုသာ
အဓိကအာရုံစိုက်နေတာလည်းဖြစ်ပါတယ်။
အူဒီးနီးစ်က ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲမှာ မိနစ် ၉၀ ရှုံးပွဲ ၁ပွဲသာရှိပြီး ခြေမှန်နေ တာပါ။
အဲဒီ ၉ပွဲမှာ အူဒီးနီးစ်ခံစစ်ကို ၁ဂိုးထက်ပိုသွင်းနိုင်တာ ဗီရိုနာသာရှိခဲ့ပြီး
ရိုးမား၊ လာဇီယိုနဲ့ အေစီမီလန်တို့ကို ၁-၁ ကစားနိုင်ခဲ့တယ်။
မာရာဒိုနာကွင်းမှာလည်း အူဒီးနီးစ် ခံစစ်ကိုပဲအဓိကအားပြုကစားမှာပါ။
နာပိုလီနိုင်ရင်တောင် ဂိုးအများကြီးသွင်းနိုင်ဖွယ်မရှိတာမို့
ဂိုးအောက် စွန့်စားရွေးသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
အင်တာမီလန် vs ဖီအိုရင်တီးနား
အေစီမီလန်နဲ့ ၄မှတ်ပြတ်သွားပြီမို့ အင်တာအတွက် ထပ်မှားလို့ မရတော့ဘူး။
၁ပွဲလျော့နေဆဲဆိုပေမယ့် ဘယ်အရာမှမသေချာ တာမို့
လက်ငင်းကစားရမယ့်ပွဲကိုသာ အနိုင်ရဖို့အာရုံစိုက်ထားရမှာပါ။
လိဂ်နောက်ဆုံး ၈ပွဲမှာ ၂ပွဲသာနိုင်၊ ၁ပွဲသာကြေးအောင်ခဲ့တဲ့
အင်တာရဲ့အကျောပေးမှု ၁-၂၅ ကလည်း အနည်းငယ်ပြင်းနေပါတယ်။
ဖီအိုက နိုင်ပွဲပြန်ရထားပေမယ့် ဂိုးသွင်းအား သိသိသာသာကျနေတာပါ။
ဖီအိုရဲ့အဝေးကွင်းခြေစွမ်းကလည်း သာမာန်အဆင့်ထက်မပိုဘဲ
လိဂ်အဝေးကွင်းနောက်ဆုံး ၁၀ပွဲမှာ ၆ ပွဲရှုံးခဲ့ပါတယ်။ ချန်ပီယံလိဂ်ကထွက်ခဲ့ရပြီမို့
စီးရီးအေကိုပိုအာရုံစိုက်မယ့် အင်တာ အနိုင်ပြတ်သားသွားနိုင်ပါတယ်။
ရွေးချယ်မှု – အင်တာမီလန်
ကက်ဂလီယာရီ vs အေစီမီလန်
လာဇီယိုနဲ့စပီဇီယာကို ၂ပွဲဆက်ရှုံးခဲ့တာမို့ ကက်ဂလီယာရီ
တန်းဆင်းဇုန်နား ပြန်ကပ်သွားပါတယ်။
အဲဒီ ၂ပွဲလုံးဂိုးမသွင်းနိုင်ခဲ့တဲ့တိုက်စစ်ကလည်း ပုံစံကောင်းရနေတဲ့
အေစီမီလန်ခံစစ်ကို ဖြတ်ကျော်ဂိုးသွင်းဖို့ရုန်းကန်ရမှာပါ။
အေစီမီလန်က စကူဒက်တိုချန်ပီယံအိပ်မက်ပြည့်ဝဖို့
၁ပွဲချင်း အာရုံစိုက်ကစားနေတယ်။
ဂိုးပြတ်ဖို့ထက် နိုင်ဖို့ကပိုအရေးကြီးတာမို့ နောက်ပိုင်း ၁-၀ နိုင်ပွဲတွေ
ပိုများလာတာလည်းတွေ့ရတယ်။ ပြိုင်ပွဲစုံ ၉ပွဲဆက်ရှုံးပွဲမရှိ၊ ၆ပွဲဂိုးမပေးခဲ့ရတဲ့
ခံစစ်ကလည်း ယုံကြည်မှုအမြင့်ဆုံးရနေတာပါ။
အေစီမီလန်နိုင်ပွဲဆက်ဖို့များသလို ဂိုးပေါင်းဈေးကလည်း
၃+၃၅ ကနေ ၂-၉၀အထိကျလာတာမို့ ဂိုးအောက်ပါတွဲရွေးသင့်တယ်။
ရွေးချယ်မှု – အေစီမီလန် / ဂိုးအောက်
zawgyi
ကြေးပြင်းတဲ့ အင်တာနဲ့လက်တွဲ၊ အေစီမီလန်ရွေးပြီး ဂိုးအောက်ပြန်ကာပါ
အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
နာပိုလီ vs အူဒီးနီးစ်