ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ဦးလေးမိသားစုကို ပစ်ထားခဲ့တဲ့ ဂျော်ဂျီနာ

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆုံစည်းပြီးတဲ့နောက်

သူမကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ဦီးလေးရဲ့မိသားစုကို

ပြန်လည်ဂရုစိုက်ပေးခြင်းမရှိမှုနဲ့အတူ အယုတ်တမာမအဖြစ်

ဝေဖန်ပြောကြားခြင်းခံနေရပါတယ်။

ဂျော်ဂျီနာရဲ့ဦးလေးဖြစ်သူဂျီးဆပ်စ်ဟာနန်ဒက်ဇ်ဟာဖခင်ဖြစ်သူ

ကိုကင်းကုန်ကူးမှုအတွက်ထောင်ကျခံနေရစဉ်အတွင်း

တူမကိုကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိမ်သူသက်ထားလောင်းဂျော်ဂျီနာဟာ

ချစ်သူရဲ့ကြွယ်ဝချမ်းသာမှုများနှင့်ဇိမ်ခံနေပြီး

သူမကိုလူတလုံးသူတလုံးဖြစ်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့

ဦးလေးဖြစ်သူရဲ့မိသားစုကိုမေ့ပစ်ထားခဲ့ပါတယ်၊

ဂျီးဆပ်စ်ဟာနန်ဒက်ဇ်က “ကျွန်တော်တို့အခုဖြစ်ပျက်နေတာတွေအတွက်

သူမအနေနဲ့ရှက်သင့်တယ်။ကျွန်တော်တို့ကသူမလိုဇမ်ခံမနေရတော့

ကျွန်တော်တို့ထက်ပိုကောင်းတဲ့ဘဝကိုရောက်နေတယ်လို့သူထင်လိမ့်မယ်။

သူမဆီကနေဘာမှမတောင်းဆိုဖူးပါဘူး။

ရော်နယ်ဒိုနဲ့ချစ်ကြိုက်ပြီးတဲ့နောက် တစ်ခါလား၊

နှစ်ခါလားဘဲဖုန်းဆက်တယ်”လို့ဆိုသွားပါတယ်။

ဂျော်ဂျီနာရိုဒရီဂွက်ဇ်ရဲ့ညီမဝမ်းကွဲဖြစ်တဲ့အသက်၃၃နှစ်ရှိ

ပါထရီစီယာရိုဒရီဂွက်ဇ်ကလည်း “ကျွန်မသားမွေးနေ့တုန်းကပေါ့။

ကျွန်မသားအတွက်ခရစ္စတီယာနိုရော်နယ်ဒိုလက်မှတ်ထိုးထားတဲ့အင်္ကျီလေး

ပေးလို့ရမလားလို့တောင်းဆိုခဲ့တယ်။

သူမကငြင်းခဲ့တယ်။ရော်နယ်ဒိုအပန်းဖြေနေတာကို

အနှောက်အယှက်ပေးလို့မရဘူးလို့ပြောပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျော်ဂျီနာဟာလွန်ခဲ့တဲ့သုံးနှစ်တုန်းကသေဆုံးသွားပြီဖြစ်တဲ့

အသက်၈၀နှစ်ရှိအဘွားဖြစ်သူအလာနာမာတီနာကိုလည်း

ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တစ်ကြိမ်မှမိတ်ဆက်ပေးခဲ့ဖူးခြင်းမရှိပါဘူး။

ဂျော်ဂျီနာဟာကလေးဘဝတုန်းကခက်ခဲရုန်းကန်ခဲ့ရသူပါ။

သူဟာစပိန်အရှေ့မြောက်ပိုင်းဂျာကာမှာကြီးပြင်းသူဖြစ်ပါတယ်။

သူမရဲ့မိခင်ဖြစ်သူအန်နာမာရီယာဟာနန်ဒက်ဇ်ဟာအာဂျင်တီးနားသား

သူမရဲ့ဖခင်ဖြစ်သူဂျော့နှင့်စပိန်တွင်ဆုံစည်းခဲ့ပါတယ်။

သူမအသက်၅နှစ်အရွယ်မှာဖခင်ဖြစ်သူဟာပေါင်တစ်သိန်းကျော်တန်ဖိုးရှိ

ကိုကင်းကုန်ကူးမှုကြောင့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဂျော်ဂျီနာဟာဘဲလေးအကမယ်ဖြစ်လာခဲ့ပြီးလန်ဒန်တွင်အင်္ဂလိပ်စာသင်ကြားခဲ့သလို

ဘရက်စတိုးတွင်ကလေးထိန်းအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။

သူမဟာမော်ဒယ်ဖြစ်လာပြီးနောက်စပိန်သို့ပြန်ခဲ့ကာ

Gucci တွင် တစ်နာရီလျှင်၁၀ပေါင်နှုန်းဖြင့်အလုပ်လုပ်နေစဉ်အတွင်း

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ချစ်ကြိုက်ခဲ့တာဖြစ်ပြီး

သူမရဲ့ဘဝဟာလည်းအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။

zawgyi

ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့တဲ့ ဦးေလးမိသားစုကို ပစ္ထားခဲ့တဲ့ ေဂ်ာ္ဂ်ီနာ

ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆုံစည္းၿပီးတဲ့ေနာက္

သူမကိုေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့တဲ့ဦီးေလးရဲ႕မိသားစုကို

ျပန္လည္ဂ႐ုစိုက္ေပးျခင္းမရွိမႈနဲ႔အတူ အယုတ္တမာမအျဖစ္

ေဝဖန္ေျပာၾကားျခင္းခံေနရပါတယ္။

ေဂ်ာ္ဂ်ီနာရဲ႕ဦးေလးျဖစ္သူဂ်ီးဆပ္စ္ဟာနန္ဒက္ဇ္ဟာဖခင္ျဖစ္သူ

ကိုကင္းကုန္ကူးမႈအတြက္ေထာင္က်ခံေနရစဥ္အတြင္း

တူမကိုေကြၽးေမြးျပဳစုေစာင့္ေရွာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိမ္သူသက္ထားေလာင္းေဂ်ာ္ဂ်ီနာဟာ

ခ်စ္သူရဲ႕ႂကြယ္ဝခ်မ္းသာမႈမ်ားႏွင့္ဇိမ္ခံေနၿပီး

သူမကိုလူတလုံးသူတလုံးျဖစ္ေအာင္ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့တဲ့

ဦးေလးျဖစ္သူရဲ႕မိသားစုကိုေမ့ပစ္ထားခဲ့ပါတယ္၊

ဂ်ီးဆပ္စ္ဟာနန္ဒက္ဇ္က “ကြၽန္ေတာ္တို႔အခုျဖစ္ပ်က္ေနတာေတြအတြက္

သူမအေနနဲ႔ရွက္သင့္တယ္။ကြၽန္ေတာ္တို႔ကသူမလိုဇမ္ခံမေနရေတာ့

ကြၽန္ေတာ္တို႔ထက္ပိုေကာင္းတဲ့ဘဝကိုေရာက္ေနတယ္လို႔သူထင္လိမ့္မယ္။

သူမဆီကေနဘာမွမေတာင္းဆိုဖူးပါဘူး။

ေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ၿပီးတဲ့ေနာက္ တစ္ခါလား၊

ႏွစ္ခါလားဘဲဖုန္းဆက္တယ္”လို႔ဆိုသြားပါတယ္။

ေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ရဲ႕ညီမဝမ္းကြဲျဖစ္တဲ့အသက္၃၃ႏွစ္ရွိ

ပါထရီစီယာ႐ိုဒရီဂြက္ဇ္ကလည္း “ကြၽန္မသားေမြးေန႔တုန္းကေပါ့။

ကြၽန္မသားအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုလက္မွတ္ထိုးထားတဲ့အက်ႌေလး

ေပးလို႔ရမလားလို႔ေတာင္းဆိုခဲ့တယ္။

သူမကျငင္းခဲ့တယ္။ေရာ္နယ္ဒိုအပန္းေျဖေနတာကို

အေႏွာက္အယွက္ေပးလို႔မရဘူးလို႔ေျပာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဂ်ာ္ဂ်ီနာဟာလြန္ခဲ့တဲ့သုံးႏွစ္တုန္းကေသဆုံးသြားၿပီျဖစ္တဲ့

အသက္၈၀ႏွစ္ရွိအဘြားျဖစ္သူအလာနာမာတီနာကိုလည္း

ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္တစ္ႀကိမ္မွမိတ္ဆက္ေပးခဲ့ဖူးျခင္းမရွိပါဘူး။

ေဂ်ာ္ဂ်ီနာဟာကေလးဘဝတုန္းကခက္ခဲ႐ုန္းကန္ခဲ့ရသူပါ။

သူဟာစပိန္အေရွ႕ေျမာက္ပိုင္းဂ်ာကာမွာႀကီးျပင္းသူျဖစ္ပါတယ္။

သူမရဲ႕မိခင္ျဖစ္သူအန္နာမာရီယာဟာနန္ဒက္ဇ္ဟာအာဂ်င္တီးနားသား

သူမရဲ႕ဖခင္ျဖစ္သူေဂ်ာ့ႏွင့္စပိန္တြင္ဆုံစည္းခဲ့ပါတယ္။

သူမအသက္၅ႏွစ္အ႐ြယ္မွာဖခင္ျဖစ္သူဟာေပါင္တစ္သိန္းေက်ာ္တန္ဖိုးရွိ

ကိုကင္းကုန္ကူးမႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

ေဂ်ာ္ဂ်ီနာဟာဘဲေလးအကမယ္ျဖစ္လာခဲ့ၿပီးလန္ဒန္တြင္အဂၤလိပ္စာသင္ၾကားခဲ့သလို

ဘရက္စတိုးတြင္ကေလးထိန္းအျဖစ္အလုပ္လုပ္ခဲ့ပါတယ္။

သူမဟာေမာ္ဒယ္ျဖစ္လာၿပီးေနာက္စပိန္သို႔ျပန္ခဲ့ကာ

Gucci တြင္ တစ္နာရီလွ်င္၁၀ေပါင္ႏႈန္းျဖင့္အလုပ္လုပ္ေနစဥ္အတြင္း

ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီး

သူမရဲ႕ဘဝဟာလည္းအႀကီးအက်ယ္ေျပာင္းလဲသြားခဲ့ပါတယ္။