ကံကောင်းထောက်မလို့ အသက်မဆုံးရှုံးခဲ့တဲ့ အေဂျက်စ်ဂိုးသမား

အေဂျက်စ်အသင်းရဲ့ ကင်မရွန်းလက်ရွေးစင်ဂိုးသမားအိုနာနာဟာ

အယ်လ်ဂျီးရီးယားနဲ့ကစားမယ့် ကမ္ဘာ့ဖလားတတိယအဆင့်ခြေစစ်ပွဲအတွက်

ကင်မရွန်းအသင်းနဲ့ပူးပေါင်းဖို့အသွားမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုနဲ့ကြုံတွေ့ခဲ့ရပေမယ့်

ကံကောင်းထောက်မစွာနဲ့ပဲ အသက်အန္တရာယ်မထိခိုက်ခဲ့ပါဘူး။

မီဒီယာတွေဖော်ပြတဲ့ဓာတ်ပုံတွေအရ ကားနှစ်စီးဟာ ရှေ့ပိုင်းတစ်ခုလုံး

ကြေမွသွားတဲ့အထိ’တိုက်’မိခဲ့တာဖြစ်ပြီး နှစ်စီးစလုံးရဲ့ရှေ့ပိုင်းက

ရစရာမရှိအောင်ပျက်စီးခဲ့ရပါတယ်။

၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့အတွက် ကင်မရွန်းကိုရောက်ရှိနေတဲ့

အိုနာနာဟာ Douala မြို့က အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုအသွားမှာ

အခုလိုအဖြစ်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ကားထဲမှာ

ထိခိုက်ဒဏ်ရာရသူရှိ၊ မရှိကို မီဒီယာတွေကမထုတ်ပြန်သေးပါဘူး။

အိုနာနာကတော့ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ

ဒီတစ်ပတ်သောကြာနေ့ကျရင် အယ်လ်ဂျီးရီးယားနဲ့ကစားမယ့်ခြေစစ်ပွဲမှာတောင်

ပါဝင်ကစားနိုင်မယ်လို့သိရပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်သူ

အေဂျက်စ်အသင်းဂိုးသမားအိုနာနာဟာ တားမြစ်ဆေးစစ်ဆေးမှုကျရှုံးခဲ့တဲ့

အဖြစ်အပျက်ကြောင့် ပွဲကစားခွင့်(၉)လကြာပိတ်ပင်ခံခဲ့ရပြီး

မကြာသေးခင်ကမှ ပွဲပယ်ပြစ်ဒဏ်စေ့လို့ ဘောလုံးပြန်ကစားနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့တဲ့

ကင်မရွန်းအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့(၂)ကြိမ်ဆက်မလွဲရအောင်

အယ်လ်ဂျီးရီးယားအသင်းကို ကျော်ဖြတ်ဖို့လိုအပ်နေပြီး

အိုနာနာအနေနဲ့ ကင်မရွန်းအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်စေဖို့

စွမ်းဆောင်ပေးရမှာလည်းဖြစ်ပါတယ်။

zawgyi

ကံေကာင္းေထာက္မလို႔ အသက္မဆုံးရႈံးခဲ့တဲ့ ေအဂ်က္စ္ဂိုးသမား

ေအဂ်က္စ္အသင္းရဲ႕ ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားအိုနာနာဟာ

အယ္လ္ဂ်ီးရီးယားနဲ႔ကစားမယ့္ ကမာၻ႔ဖလားတတိယအဆင့္ေျခစစ္ပြဲအတြက္

ကင္မ႐ြန္းအသင္းနဲ႔ပူးေပါင္းဖို႔အသြားမွာ ဆိုး႐ြားတဲ့ယာဥ္တိုက္မႈနဲ႔ႀကဳံေတြ႕ခဲ့ရေပမယ့္

ကံေကာင္းေထာက္မစြာနဲ႔ပဲ အသက္အႏၲရာယ္မထိခိုက္ခဲ့ပါဘူး။

မီဒီယာေတြေဖာ္ျပတဲ့ဓာတ္ပုံေတြအရ ကားႏွစ္စီးဟာ ေရွ႕ပိုင္းတစ္ခုလုံး

ေၾကမြသြားတဲ့အထိ’တိုက္’မိခဲ့တာျဖစ္ၿပီး ႏွစ္စီးစလုံးရဲ႕ေရွ႕ပိုင္းက

ရစရာမရွိေအာင္ပ်က္စီးခဲ့ရပါတယ္။

၂၀၂၀ ကမာၻ႔ဖလားေျခစစ္ပြဲကစားဖို႔အတြက္ ကင္မ႐ြန္းကိုေရာက္ရွိေနတဲ့

အိုနာနာဟာ Douala ၿမိဳ႕က အသင္းရဲ႕ေလ့က်င့္ေရးကြင္းကိုအသြားမွာ

အခုလိုအျဖစ္နဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး က်န္တဲ့ကားထဲမွာ

ထိခိုက္ဒဏ္ရာရသူရွိ၊ မရွိကို မီဒီယာေတြကမထုတ္ျပန္ေသးပါဘူး။

အိုနာနာကေတာ့ တစ္စုံတစ္ရာထိခိုက္မႈမရွိဘဲ

ဒီတစ္ပတ္ေသာၾကာေန႔က်ရင္ အယ္လ္ဂ်ီးရီးယားနဲ႔ကစားမယ့္ေျခစစ္ပြဲမွာေတာင္

ပါဝင္ကစားႏိုင္မယ္လို႔သိရပါတယ္။ အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

ေအဂ်က္စ္အသင္းဂိုးသမားအိုနာနာဟာ တားျမစ္ေဆးစစ္ေဆးမႈက်ရႈံးခဲ့တဲ့

အျဖစ္အပ်က္ေၾကာင့္ ပြဲကစားခြင့္(၉)လၾကာပိတ္ပင္ခံခဲ့ရၿပီး

မၾကာေသးခင္ကမွ ပြဲပယ္ျပစ္ဒဏ္ေစ့လို႔ ေဘာလုံးျပန္ကစားႏိုင္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈမရခဲ့တဲ့

ကင္မ႐ြန္းအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔(၂)ႀကိမ္ဆက္မလြဲရေအာင္

အယ္လ္ဂ်ီးရီးယားအသင္းကို ေက်ာ္ျဖတ္ဖို႔လိုအပ္ေနၿပီး

အိုနာနာအေနနဲ႔ ကင္မ႐ြန္းအသင္းကို ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေစဖို႔

စြမ္းေဆာင္ေပးရမွာလည္းျဖစ္ပါတယ္။