ကို.ဗ.စ်က လူမရွေးတာ သိသွားတဲ့ နယ်သာလန်နည်းပြကြီး လူဝစ်ဗန်ဂါးလ်

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြကြီးဖြစ်တဲ့ မန်ယူနည်းပြဟောင်းကြီး

လူးဝစ်ဗန်ဂါးလ်ဟာ ကို.ဗ.စ် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး

တစ်ရက်အကြာမှာပဲ ကို.ဗ.စ်ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်

ဒိန်းမတ်နဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်မီ သီခြားခွဲနေထိုင်ရတော့မှာ ဖြစ်ပါတယ်။

နယ်သာလန်ဟာ လာမယ့် စနေ့ညနဲ့ အင်္ဂါညတွေမှာ ဒိန်းမတ်နဲ့ ဂျာမနီတို့ကို

အိမ်ကွင်းအမ်စတာဒမ်မှာ ခြေစမ်းပွဲလက်ခံကစားမှာဖြစ်ပါတယ်။

မနေ့(တနင်္လာနေ့)က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာ

ဗန်ဂါးလ်က သူအအေးမိနေပေမယ့် ကို.ဗ.စ်တော့

လုံးဝမဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဒီကနေ့၊ အင်္ဂါနေ့မှာ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့

လူးဝစ် ဗန်ဂါးလ်မှာ ကိုဗစ်ကူးစက်နေတာကို တွေ့ရှိခဲ့တာပါ။

ဒီအတွက် ဗန်ဂါးလ်ဟာ တစ်ဦးတည်း သီးခြားခွဲနေထိုင်ရမှာဖြစ်ပြီး

ဘယ်အချိန်မှာ နယ်သာလန်အသင်းကို တာဝန်ပြန်ယူနိုင်မယ်ဆိုတာကိုတော့

အတိအကျမသိရသေးပါဘူး။ ဗန်ဂါးလ်တာဝန်ပြန်မယူနိုင်ခင်အချိန်အထိ

နယ်သာလန်အသင်းကို သူ့ရဲ့ လက်ထောက်နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့

ဒန်နီဘလိုင်း၊ ဟန့်ခ်ဖရေဇာ၊ ဖရန်စ်ဟော့ခ်တို့က

ပူးပေါင်းပြီးတာဝန်ယူသွားလိမ့်မယ်လို့လည်း နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က

ကြေညာချက်ထုတ်ပြန်ထားပါတယ်။

zawgyi

ကို.ဗ.စ္က လူမေ႐ြးတာ သိသြားတဲ့ နယ္သာလန္နည္းျပႀကီး လူဝစ္ဗန္ဂါးလ္

နယ္သာလန္လက္ေ႐ြးစင္အသင္းနည္းျပႀကီးျဖစ္တဲ့ မန္ယူနည္းျပေဟာင္းႀကီး

လူးဝစ္ဗန္ဂါးလ္ဟာ ကို.ဗ.စ္ မျဖစ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ၿပီး

တစ္ရက္အၾကာမွာပဲ ကို.ဗ.စ္ကူးစက္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္

ဒိန္းမတ္နဲ႔ ကစားမယ့္ ေျခစမ္းပြဲမတိုင္မီ သီျခားခြဲေနထိုင္ရေတာ့မွာ ျဖစ္ပါတယ္။

နယ္သာလန္ဟာ လာမယ့္ စေန႔ညနဲ႔ အဂၤါညေတြမွာ ဒိန္းမတ္နဲ႔ ဂ်ာမနီတို႔ကို

အိမ္ကြင္းအမ္စတာဒမ္မွာ ေျခစမ္းပြဲလက္ခံကစားမွာျဖစ္ပါတယ္။

မေန႔(တနလၤာေန႔)က ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲတစ္ခုမွာ

ဗန္ဂါးလ္က သူအေအးမိေနေပမယ့္ ကို.ဗ.စ္ေတာ့

လုံးဝမျဖစ္ႏိုင္ဘူးလို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။

ဒီကေန႔၊ အဂၤါေန႔မွာ ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ရာမွာေတာ့

လူးဝစ္ ဗန္ဂါးလ္မွာ ကိုဗစ္ကူးစက္ေနတာကို ေတြ႕ရွိခဲ့တာပါ။

ဒီအတြက္ ဗန္ဂါးလ္ဟာ တစ္ဦးတည္း သီးျခားခြဲေနထိုင္ရမွာျဖစ္ၿပီး

ဘယ္အခ်ိန္မွာ နယ္သာလန္အသင္းကို တာဝန္ျပန္ယူႏိုင္မယ္ဆိုတာကိုေတာ့

အတိအက်မသိရေသးပါဘူး။ ဗန္ဂါးလ္တာဝန္ျပန္မယူႏိုင္ခင္အခ်ိန္အထိ

နယ္သာလန္အသင္းကို သူ႔ရဲ႕ လက္ေထာက္နည္းျပအဖြဲ႕ဝင္ေတြျဖစ္တဲ့

ဒန္နီဘလိုင္း၊ ဟန္႔ခ္ဖေရဇာ၊ ဖရန္စ္ေဟာ့ခ္တို႔က

ပူးေပါင္းၿပီးတာဝန္ယူသြားလိမ့္မယ္လို႔လည္း နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္က

ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။