
ဆီဗီလာအသင်းမှာအငှားနဲ့ကစားနေတဲ့ တောင်ပံတိုက်စစ်ကစားသမားမာစီယဲလ်ဟာ
ပြီးခဲ့တဲ့တစ်ပတ်က,ကစားခဲ့တဲ့ပွဲမှာ ကိုယ့်အသင်းပရိသတ်တွေရဲ့
လှောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် ဒေါသပေါက်ကွဲနေပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆိုစီဒက်အသင်းနဲ့ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ
မာစီယဲလ်ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်ခြေစွမ်းမပြနိုင်တဲ့အတွက်
ဆီဗီလာပရိသတ်တွေက သူ့ကို ပစ်မှတ်ထားအော်ဟစ်လှောင်ပြောင်ခဲ့ကြတာဖြစ်ပြီး
ဒုတိယပိုင်း(၅၉)မိနစ်မှာပဲ နည်းပြလိုပက်တယ်ဟီက မာစီယဲလ်ကိုလူစားလဲခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က မန်ချက်စတာယူနိုက်တက်အသင်းကနေ
အငှားနဲ့ပြောင်းရွှေ့ခဲ့သူ မာစီယဲလ်ဟာ လာလီဂါမှာ(၅)ပွဲကစားခဲ့ပြီးဖြစ်ပေမယ့်
အခုအချိန်အထိတစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။
အဲဒါကြောင့် ဆီဗီလာပရိသတ်တွေက မာစီယဲလ်ရဲ့ခြေစွမ်းအပေါ်
စိတ်ပျက်နေကြတဲ့အတွက် လူစားလဲခံခဲ့ရချိန်မှာ
မာစီယဲလ်ကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။
စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က ပရိသတ်တွေရဲ့
လှောင်ပြောင်တာခံခဲ့ရလို့ မာစီယဲလ်တစ်ယောက်ဒေါသပေါက်ကွဲနေပြီး
မာစီယဲလ်ဟာ ဆီဗီလာအသင်းမှာ ပုံစံကောင်းပျောက်ဆုံးနေသလို
အသင်းနည်းစနစ်တွေနဲ့အံမဝင်ဘူးလို့သုံးသပ်ရေးသားခဲ့ပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ မာစီယဲလ်ဟာ ယူနိုက်တက်အသင်းမှာ
ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာကြောင့် ဆီဗီလာအသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်
အခုအချိန်အထိ ခြေစွမ်းကောင်းမပြသနိုင်သေးဘဲ ရုန်းကန်နေရဆဲပါပဲ။
ဆီဗီလာအသင်းအနေနဲ့ မာစီယဲလ်ကို ငွေကြေးအကုန်အကျခံခေါ်ယူခဲ့ပေမယ့်
ကစားသမားကခြေစွမ်းမပြနိုင်လို့ တာဝန်ရှိသူတွေက စိတ်ပျက်နေပြီး
အငှားစာချုပ်သက်တမ်းတိုးမယ့်အနေအထားမရှိတော့ပါဘူး။
zawgyi
ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ ေဒါသေပါက္ကြဲေနတဲ့မာစီယဲလ္
ဆီဗီလာအသင္းမွာအငွားနဲ႔ကစားေနတဲ့ ေတာင္ပံတိုက္စစ္ကစားသမားမာစီယဲလ္ဟာ
ၿပီးခဲ့တဲ့တစ္ပတ္က,ကစားခဲ့တဲ့ပြဲမွာ ကိုယ့္အသင္းပရိသတ္ေတြရဲ႕
ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရတာေၾကာင့္ ေဒါသေပါက္ကြဲေနပါတယ္။
ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ဆိုစီဒက္အသင္းနဲ႔ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ
မာစီယဲလ္ဟာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ေျခစြမ္းမျပႏိုင္တဲ့အတြက္
ဆီဗီလာပရိသတ္ေတြက သူ႔ကို ပစ္မွတ္ထားေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကတာျဖစ္ၿပီး
ဒုတိယပိုင္း(၅၉)မိနစ္မွာပဲ နည္းျပလိုပက္တယ္ဟီက မာစီယဲလ္ကိုလူစားလဲခဲ့ရပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေ႐ႊ႕က မန္ခ်က္စတာယူႏိုက္တက္အသင္းကေန
အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ မာစီယဲလ္ဟာ လာလီဂါမွာ(၅)ပြဲကစားခဲ့ၿပီးျဖစ္ေပမယ့္
အခုအခ်ိန္အထိတစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။
အဲဒါေၾကာင့္ ဆီဗီလာပရိသတ္ေတြက မာစီယဲလ္ရဲ႕ေျခစြမ္းအေပၚ
စိတ္ပ်က္ေနၾကတဲ့အတြက္ လူစားလဲခံခဲ့ရခ်ိန္မွာ
မာစီယဲလ္ကို ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။
စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က ပရိသတ္ေတြရဲ႕
ေလွာင္ေျပာင္တာခံခဲ့ရလို႔ မာစီယဲလ္တစ္ေယာက္ေဒါသေပါက္ကြဲေနၿပီး
မာစီယဲလ္ဟာ ဆီဗီလာအသင္းမွာ ပုံစံေကာင္းေပ်ာက္ဆုံးေနသလို
အသင္းနည္းစနစ္ေတြနဲ႔အံမဝင္ဘူးလို႔သုံးသပ္ေရးသားခဲ့ပါတယ္။
အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မာစီယဲလ္ဟာ ယူႏိုက္တက္အသင္းမွာ
ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတာေၾကာင့္ ဆီဗီလာအသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္
အခုအခ်ိန္အထိ ေျခစြမ္းေကာင္းမျပသႏိုင္ေသးဘဲ ႐ုန္းကန္ေနရဆဲပါပဲ။
ဆီဗီလာအသင္းအေနနဲ႔ မာစီယဲလ္ကို ေငြေၾကးအကုန္အက်ခံေခၚယူခဲ့ေပမယ့္
ကစားသမားကေျခစြမ္းမျပႏိုင္လို႔ တာဝန္ရွိသူေတြက စိတ္ပ်က္ေနၿပီး
အငွားစာခ်ဳပ္သက္တမ္းတိုးမယ့္အေနအထားမရွိေတာ့ပါဘူး။