ကာရစ် မထွက်ခွာဖို့ ဆွဲထားခဲ့သေးတဲ့ ရန်းနစ်ခ်ရဲ့ အင်တာဗျူး အဖြေစကားအချို့

ယူနိုက်တက် နည်းပြသစ် ရန်းနစ်ခ်ဟာ အလုပ်ဗီဇာပါမစ်ရပြီးနောက် တနင်္ဂနွေနေ့ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ တရားဝင် တာဝန်ယူရတော့မယ်လို့ သိရပါတယ်။

ရန်းနစ်ခ်ဟာ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှုရပြီးနောက် ၂ နှစ်ခွဲလောက်အထိ ဆက်လက်တာဝန်ယူရဖွယ်လည်း ရှိနေပါတယ်။

အသက် ၆၃ နှစ်အရွယ် အဲဒီ နည်းပြဟာ အလုပ်ပါမစ်ရဖို့ လိုအပ်မှုကြောင့် တရားဝင် နည်းပြဖို့ ခဏစောင့်နေရသလို ပြီးခဲ့တဲ့ ၅ ရာသီမှာ တစ်ရာသီ နားထားတာကြောင့် ဗီဇာရဖို့ ခက်ခဲခဲ့တာလို့လည်း သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နည်းပြရန်းနစ်ခ်က”ကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်က အသင်းကိုဒီထက်ပိုပြီးမျှတတဲ့အနေအထားမျိုးမှာရှိအောင်လုပ်ပေးဖို့ပါ။

မနေ့ကပွဲမှာဆိုရင် ကျွန်တော်တို့နှစ်ဂိုးပေးခဲ့ရတယ်။

ဒီရာသီ စုစုပေါင်းပေးဂိုးကိုပျမ်းမျှတွက်ကြည့်မယ်ဆိုရင် တစ်ပွဲနှစ်ဂိုးနှုန်းဖြစ်နေတယ်။

ဒါ တော်တော်များတဲ့ပမာဏပါ။ ဒါ ခင်ဗျားတို့ကျွန်တော်တို့လိုချင်နေတဲ့ပုံစံမျိုးမှမဟုတ်တာ”

“ဒီရာသီကိုတတ်နိုင်သမျှအအောင်မြင်ဆုံးရာသီတစ်ခုဖြစ်အောင် ကျွန်တော်တို့စွမ်းဆောင်မှာပါ။

အခုလက်ရှိတော့ လက်တွေ့ကျကျစဉ်းစားရမယ်။

ကျွန်တော်တို့နဲ့ ဇယားထိပ်၃-သင်းကြားကအမှတ်ကွာခြားချက်က ကြီးမားလွန်းတယ်။

ဒါပေမယ့်လည်း စောင့်ကြည့်ကြတာပေါ့”

“ကာရစ်နဲ့က လွန်ခဲ့တဲ့၂ရက်ကမှကျွန်တော်သူနဲ့ရင်းနှီးတာ။

သူနဲ့လေ့ကျင့်ရေးနည်းပြမက်ကန်နာကိုတွေ့ပြီး တစ်နာရီကျော်ကြာတဲ့အထိ ကျွန်တော်တို့ချည်းပဲသီးသန့်စကားပြောဖြစ်တယ်။

ကျွန်တော်ကာရစ်ကိုအသင်းမှာဆက်နေဖို့ဖျောင်းဖျခဲ့ပါသေးတယ်။

ဒါပေမယ့်လည်းအဆုံးသတ်ကျတော့ သူ့ရဲ့ရွေးချယ်မှုကိုကျွန်တော်လက်ခံပေးခဲ့ရပါတယ်။

လက်ရှိယူနိုက်တက်ရဲ့နည်းပြတန်းအဖွဲ့ဝင်တွေနဲ့အလုပ်အတူတွဲလုပ်ဖို့ ကျွန်တော့်အနေနဲ့ ပျော်တယ်ဆိုတာထက်ကိုပိုပါတယ်။

သူတို့ဆီကလာမယ့်အတွေးအမြင်တွေ၊ အကြံဉာဏ်ပေးတာတွေကိုလည်း ကျွန်တော်လိုချင်တယ်။

လာမယ့်အပတ်မှာ ကျွန်တော့် နည်းပြတန်းအဖွဲ့ကိုအားဖြည့်ဖို့ ဝန်ထမ်းနှစ်ယောက်သုံးယောက်ကိုကြိုးစားပြီးရှာပါဦးမယ်”ဆိုပြီး ပြောပါတယ်။

zawgyi

ကာရစ္ မထြက္ခြာဖို႔ ဆြဲထားခဲ့​ေသးတဲ့ ရန္းနစ္ခ္ရဲ႕ အင္တာဗ်ဴး အ​ေျဖစကားအခ်ိဳ႕

ယူႏိုက္တက္ နည္းျပသစ္ ရန္းနစ္ခ္ဟာ အလုပ္ဗီဇာပါမစ္ရၿပီးေနာက္ တနဂၤေႏြေန႔ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ တရားဝင္ တာဝန္ယူရေတာ့မယ္လို႔ သိရပါတယ္။ ရန္းနစ္ခ္ဟာ ယူႏိုက္တက္အသင္းနဲ႔ သေဘာတူညီမႈရၿပီးေနာက္ ၂ ႏွစ္ခြဲေလာက္အထိ ဆက္လက္တာဝန္ယူရဖြယ္လည္း ရွိေနပါတယ္။အသက္ ၆၃ ႏွစ္အ႐ြယ္ အဲဒီ နည္းျပဟာ အလုပ္ပါမစ္ရဖို႔ လိုအပ္မႈေၾကာင့္ တရားဝင္ နည္းျပဖို႔ ခဏေစာင့္ေနရသလို ၿပီးခဲ့တဲ့ ၅ ရာသီမွာ တစ္ရာသီ နားထားတာေၾကာင့္ ဗီဇာရဖို႔ ခက္ခဲခဲ့တာလို႔လည္း သိရပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ နည္းျပရန္းနစ္ခ္က”ကြၽန္​ေတာ့္ရဲ႕အဓိကရည္႐ြယ္ခ်က္က အသင္းကိုဒီထက္ပိုၿပီးမွ်တတဲ့အေနအထားမ်ိဳးမွာရွိေအာင္လုပ္ေပးဖို႔ပါ။ မေန႔ကပြဲမွာဆိုရင္ ကြၽန္​ေတာ္တို႔ႏွစ္ဂိုးေပးခဲ့ရတယ္။ ဒီရာသီ စုစုေပါင္းေပးဂိုးကိုပ်မ္းမွ်တြက္ၾကည့္မယ္ဆိုရင္ တစ္ပြဲႏွစ္ဂိုးႏႈန္းျဖစ္ေနတယ္။ ဒါ ေတာ္ေတာ္မ်ားတဲ့ပမာဏပါ။ ဒါ ခင္ဗ်ားတို႔ကြၽန္​ေတာ္တို႔လိုခ်င္ေနတဲ့ပုံစံမ်ိဳးမွမဟုတ္တာ”

“ဒီရာသီကိုတတ္ႏိုင္သမွ်အေအာင္ျမင္ဆုံးရာသီတစ္ခုျဖစ္ေအာင္ ကြၽန္​ေတာ္တို႔စြမ္းေဆာင္မွာပါ။ အခုလက္ရွိေတာ့ လက္ေတြ႕က်က်စဥ္းစားရမယ္။ ကြၽန္​ေတာ္တို႔နဲ႔ ဇယားထိပ္၃-သင္းၾကားကအမွတ္ကြာျခားခ်က္က ႀကီးမားလြန္းတယ္။ ဒါေပမယ့္လည္း ေစာင့္ၾကည့္ၾကတာေပါ့”

“ကာရစ္နဲ႔က လြန္ခဲ့တဲ့၂ရက္ကမွကြၽန္​ေတာ္သူနဲ႔ရင္းႏွီးတာ။ သူနဲ႔ေလ့က်င့္ေရးနည္းျပမက္ကန္နာကိုေတြ႕ၿပီး တစ္နာရီေက်ာ္ၾကာတဲ့အထိ ကြၽန္​ေတာ္တို႔ခ်ည္းပဲသီးသန႔္စကားေျပာျဖစ္တယ္။ ကြၽန္​ေတာ္ကာရစ္ကိုအသင္းမွာဆက္ေနဖို႔ေဖ်ာင္းဖ်ခဲ့ပါေသးတယ္။ ဒါ​ေပမယ့္လည္းအဆုံးသတ္က်ေတာ့ သူ႔ရဲ႕ေ႐ြးခ်ယ္မႈကိုကြၽန္​ေတာ္လက္ခံေပးခဲ့ရပါတယ္။

လက္ရွိယူႏိုက္တက္ရဲ႕နည္းျပတန္းအဖြဲ႕ဝင္ေတြနဲ႔အလုပ္အတူတြဲလုပ္ဖို႔ ကြၽန္​ေတာ့္အေနနဲ႔ ေပ်ာ္တယ္ဆိုတာထက္ကိုပိုပါတယ္။ သူတို႔ဆီကလာမယ့္အေတြးအျမင္ေတြ၊ အႀကံဉာဏ္ေပးတာေတြကိုလည္း ကြၽန္​ေတာ္လိုခ်င္တယ္။ လာမယ့္အပတ္မွာ ကြၽန္​ေတာ့္ နည္းျပတန္းအဖြဲ႕ကိုအားျဖည့္ဖို႔ ဝန္ထမ္းႏွစ္ေယာက္သုံးေယာက္ကိုႀကိဳးစားၿပီးရွာပါဦးမယ္”ဆိုၿပီး ​ေျပာပါတယ္။