ကလပ်စံချိန်တင်လစာပေးပြီးတော့ လင်ဂတ်ကို ခေါ်ယူဖို့ကြိုးပမ်းမယ့် နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူလင်ဂတ်ကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကျရင် ကလပ်စံချိန်တင်လစာငွေပေးပြီးတော့ ကမ်းလှမ်းသွားဖို့ပြင်ဆင်နေပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ လာမယ့်နှစ်၊ နွေရာသီကျရင် ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး

ယူနိုက်တက်အသင်းက နိုဝင်ဘာလမှာ လင်ဂတ်ကို စာချုပ်သစ်ချုပ်ဖို့ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ရာသီကုန်ကျရင် အလွတ်နဲ့လက်လွှတ်ဆုံးရှုံးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။

အခု ဗြိတိန်သတင်းစာ The Times က နယူးကာဆယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ လင်ဂတ်ကို နံပါတ်(၁)ဦးစားပေးအဖြစ်သတ်မှတ်ထားပြီး သင့်တင့်တဲ့ပြောင်းရွှေ့ကြေးနဲ့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နယူးကာဆယ်အသင်းဟာ လင်ဂတ်ကို အသင်းရဲ့လစာငွေအများဆုံးကစားသမားဖြစ်လာအောင် စံချိန်တင်လစာပေးချေသွားဖို့လည်းရှိနေပါတယ်။

အခုလောလောဆယ် နယူးကာဆယ်အသင်းမှာ လစာငွေအများဆုံးရရှိနေတာက မီဂွယ်လ်အယ်လ်မီရွန်ဖြစ်ပြီး တစ်ပတ်ကို ပေါင်(၁၀၀,၀၀၀)ရရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီသန်းကြွယ်သူဌေးတွေ ဝယ်ယူခဲ့ပြီးနောက်မှာ ငွေကြေးအကုန်အကျခံအသုံးပြုပြီးတော့ အသင်းကို ပြင်ဆင်မှုတွေပြုလုပ်သွားဖို့စီစဉ်နေပြီး အသင်းအတွက် ခြေစွမ်းပြနိုင်မယ့်ကစားသမားတွေ လိုအပ်နေတာပါ။

ဒါ့အပြင် လင်ဂတ်ဟာ လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရဖို့အတွက် ယူနိုက်တက်အသင်းကနေထွက်ခွာလိုနေပြီး သူ့ကို အသင်းဟောင်း ဝက်စ်ဟမ်းကလည်းခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ အငှားနဲ့ကစားခဲ့ချိန်ကာလအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်(၁၆)ပွဲကစား၊ (၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅)ကြိမ်ပြုလုပ်ခဲ့ပြီး နည်းပြဒေးဗစ်မွိုက်စ်က လင်ဂတ်ကို ခေါ်ယူဖို့ အခုအချိန်အထိလက်မလျှော့သေးပါဘူး။

zawgyi

ကလပ္စံခ်ိန္တင္လစာေပးၿပီးေတာ့ လင္ဂတ္ကို ေခၚယူဖို႔ႀကိဳးပမ္းမယ့္ နယူးကာဆယ္

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပုံမွန္ကစားခြင့္ေပ်ာက္ဆုံးေနတဲ့ ကြင္းလယ္လူလင္ဂတ္ကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕က်ရင္ ကလပ္စံခ်ိန္တင္လစာေငြေပးၿပီးေတာ့ ကမ္းလွမ္းသြားဖို႔ျပင္ဆင္ေနပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ ယူႏိုက္တက္အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ယူႏိုက္တက္အသင္းက ႏိုဝင္ဘာလမွာ လင္ဂတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ေဆြးေႏြးခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ ရာသီကုန္က်ရင္ အလြတ္နဲ႔လက္လႊတ္ဆုံးရႈံးရမယ့္အေျခအေနနဲ႔ရင္ဆိုင္ေနရပါၿပီ။ အခု ၿဗိတိန္သတင္းစာ The Times က နယူးကာဆယ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ လင္ဂတ္ကို နံပါတ္(၁)ဦးစားေပးအျဖစ္သတ္မွတ္ထားၿပီး သင့္တင့္တဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ကမ္းလွမ္းဖို႔ျပင္ဆင္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ နယူးကာဆယ္အသင္းဟာ လင္ဂတ္ကို အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားျဖစ္လာေအာင္ စံခ်ိန္တင္လစာေပးေခ်သြားဖို႔လည္းရွိေနပါတယ္။

အခုေလာေလာဆယ္ နယူးကာဆယ္အသင္းမွာ လစာေငြအမ်ားဆုံးရရွိေနတာက မီဂြယ္လ္အယ္လ္မီ႐ြန္ျဖစ္ၿပီး တစ္ပတ္ကို ေပါင္(၁၀၀,၀၀၀)ရရွိေနတာျဖစ္ပါတယ္။ နယူးကာဆယ္အသင္းကို ေဆာ္ဒီသန္းႂကြယ္သူေဌးေတြ ဝယ္ယူခဲ့ၿပီးေနာက္မွာ ေငြေၾကးအကုန္အက်ခံအသုံးျပဳၿပီးေတာ့ အသင္းကို ျပင္ဆင္မႈေတြျပဳလုပ္သြားဖို႔စီစဥ္ေနၿပီး အသင္းအတြက္ ေျခစြမ္းျပႏိုင္မယ့္ကစားသမားေတြ လိုအပ္ေနတာပါ။ ဒါ့အျပင္ လင္ဂတ္ဟာ လာမယ့္၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ ေ႐ြးခ်ယ္ခံရဖို႔အတြက္ ယူႏိုက္တက္အသင္းကေနထြက္ခြာလိုေနၿပီး သူ႔ကို အသင္းေဟာင္း ဝက္စ္ဟမ္းကလည္းေခၚယူဖို႔ဆႏၵရွိေနပါတယ္။ လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းမွာ အငွားနဲ႔ကစားခဲ့ခ်ိန္ကာလအတြင္း အသင္းအတြက္ ပရီးမီးယားလိဂ္(၁၆)ပြဲကစား၊ (၉)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၅)ႀကိမ္ျပဳလုပ္ခဲ့ၿပီး နည္းျပေဒးဗစ္မြိဳက္စ္က လင္ဂတ္ကို ေခၚယူဖို႔ အခုအခ်ိန္အထိလက္မေလွ်ာ့ေသးပါဘူး။