အာဂျင်တီးနားအသင်းဟာကာလာမာတွင်ချီလီနှင့်ရင်ဆိုင်ကစားရတဲ့
ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ အသင်းတည်းခိုရာဟိုတယ်တွင်
နည်းမျိုးစုံဖြင့်အနှောက်အယှက်ပေးခံခဲ့ရကြောင်းသိရပါတယ်။
အဆိုပါအသင်းနှစ်သင်းတို့ဟာကြာသပတေးနေ့ညတုန်းက
အက်စတာဒီယိုဇော်ရို့စ်ဒယ်ဒီဆာတိုကွင်းတွင်ကစားစဉ်
အာဂျင်တီးနားက ဒီမာရီယာနှင့်လူသာရိုမာတီနက်ဇ်ရဲ့
ဂိုးဖြင့် ၂-၁ဂိုးအနိုင်ရရှိခဲ့ပါတယ်။
ဒီပေါလ်က “လေယာဉ်ကဆင်းလာတော့ရေချိုးခန်းသို့တောင်ပေးမသွားပါဘူး။
လေအေးပေးစက်ဖြတ်တောက်တယ်။ရေမရဘူး။
နေထိုင်နေစဉ်တချိန်လုံး မီးသတိပေးသံတွေတောက်လျှောက်မြည်တယ်။
မှန်တယ်၊မှားတယ်ဆိုတာမပြောပါဘူး။ဒါပေမဲ့ကျုပ်တို့အာဂျင်တီးနားမှာဆိုရင်
ကျုပ်တို့နိုင်ငံကိုဘယ်နိုင်ငံအသင်းဘဲလာကစားလာကစား
သူတို့ကိုသက်တောင့်သက်သာနဲ့အဆင်ပြေအောင်လုပ်ပေးတယ်။
ကွင်းထဲရောက်မှကျွန်တော်တို့ကအနိုင်ယူဖို့ကြိုးစားပါတယ်”လို့ပြောကြားသွားပါတယ်။
တကယ်တော့ဘောလုံးလောကတွင် ပြိုင်ဘက်အသင်းကို
အိမ်ရှင်အသင်းက ကောင်းမွန်စွာဧည့်ခံမှုမရှိခြင်း၊
အိမ်ရှင်ပရိသတ်ကအနှောက်အယှက်ပေးခြင်းတို့မှာ
အထူးအဆန်းတော့မဟုတ်ပါဘူး။
ပြီးခဲ့တဲ့နှစ်တုန်းကအတ္တလန္တာအသင်း မန်ချက်စတာသို့လာရောက်ကာ
ယူနိုက်တက်နှင့်ချန်ပီယံလိဂ်ဖလားအုပ်စုပွဲလာရောက်ကစားစဉ်
ရာဒစ်ဆင်ဟိုတယ်တွင် မီးသတိပေးချက်အသံမြည်ကာ
ကစားသမားများအား အိပ်ရေးပျက်အောင် လုပ်ခဲ့ဖူးပါတယ်။
ဒါ့အပြင်၂၀၁၉ခုနှစ်တုန်းကလည်းလီဗာပူးပရိသတ်များဟာ
မာဆေးလ်ဆိုက်သို့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့လ
ာကစားတဲ့ဘာစီလိုနာကစားသမားများအိပ်ရေးပျက်အောင်
ဟိုတယ်အပြင်ဘက်တွင်မီးရှူးမီးပန်းများပစ်ဖောက်ပြီး
အနှောက်အယှက်ပေးခဲ့ကြပါတယ်။
zawgyi
ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ အသင်းတည်းခိုရာဟိုတယ်တွင် နည်းမျိုးစုံဖြင့်အနှောက်အယှက်ပေးခံခဲ့ရတဲ့ အာဂျင်တီးနား