
ပြီးခဲ့တဲ့ကြာသပတေးည ဥရောပဇုန် play-off ဆီးမီးဖိုင်နယ်မှာ
အသင်းငယ်လေးကို လုံးဝမမျှော်လင့်ဘဲ ရှုံးခဲ့ရတဲ့အတွက်
ယူရိုချန်ပီယံအီတလီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။
အီတလီဟာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ခြေစစ်ပွဲမအောင်ခဲ့တာမို့
ကမ္ဘာ့ဖလားကို နောက်ဆုံး ၂ ကြိမ်ဆက်လွဲခဲ့တာဖြစ်ပြီး
အဲဒါမျိုးဟာ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ်ပါ။
မြောက်မက်ဆီဒိုးနီးယားနဲ့အိမ်ကွင်းပွဲမှာ အီတလီဟာ
ပွဲပြီးခါနီးနာကျင်အချိန်ပို ၉၂ မိနစ်အရောက်
တစ်လုံးတည်းသောအနိုင်ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ အီတလီဟာ ပြိုင်ဘက်အသင်းငယ်ကို
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု ၃၂ ကြိမ်တောင် ရှိခဲ့တာပါ။
ဒါပေမဲ့ အဲဒီမှာ ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး တောင့်တောင့်ခံသွားခဲ့တဲ့
မြောက်မက်ဆီဒိုးနီးယားခံစစ်ကို မထိုးဖောက်နိုင်ခဲ့ပါဘူး။
ပွဲပြီးခါနီးမှာတော့ ကမ္ဘာ့အဆင့် ၆၇ က အသင်းကို
တစ်လုံးတည်းသောအနိုင်ဂိုးခွင့်ပြုလိုက်ရတာပါ။
အီတလီကို အနိုင်ရသွားတဲ့ မြောက်မက်ဆီဒိုးနီးယားဟာ
နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဝင်ပြိုင်ဖူးတာဆိုလို့ ယူရို ၂၀၂၀ တစ်ခုသာရှိပါတယ်။
အီတလီဟာ လွန်ခဲ့တဲ့ ၈ လကမှ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပေမယ့်
အခုတော့ လုံးဝမမျှော်လင့်ထားတဲ့အနိမ့်ဆုံးအခြေအနေကို ကြုံတွေ့လိုက်ရတာပါ။
မန်ချီနီရဲ့အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်တုန်းက ရှုံးပွဲမရှိကစားနိုင်ခဲ့ပေမယ့်
၈ ပွဲမှာ ၄ ပွဲသာနိုင်ခဲ့လို့ ဆွစ်လန်ရဲ့နောက် အုပ်စုဒုတိယသာရပြီး
play-off ဆက်ကစားရတာ ဖြစ်ပါတယ်။
အခုတော့ ကမ္ဘာ့ဖလားမှာ ၄ ကြိမ်ဗိုလ်စွဲဖူးတဲ့အီတလီဟာ
လာမယ့်နိုဝင်ဘာကနေ ဒီဇင်ဘာထိ ကာတာနိုင်ငံမှာ ကျင်းပမယ့်
ကမ္ဘာ့ဖလားကို အိမ်ကနေသာကြည့်ရတော့မှာပါ။
zawgyi
ကမာၻ႔ဖလားကို အိမ္ကေနသာၾကည့္ရေတာ့မယ့္ ယူ႐ိုခ်န္ပီယံအီတလီ
ၿပီးခဲ့တဲ့ၾကာသပေတးည ဥေရာပဇုန္ play-off ဆီးမီးဖိုင္နယ္မွာ
အသင္းငယ္ေလးကို လုံးဝမေမွ်ာ္လင့္ဘဲ ရႈံးခဲ့ရတဲ့အတြက္
ယူ႐ိုခ်န္ပီယံအီတလီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္သြားခဲ့ပါၿပီ။
အီတလီဟာ ၂၀၁၈ ကမာၻ႔ဖလားတုန္းကလည္း ေျခစစ္ပြဲမေအာင္ခဲ့တာမို႔
ကမာၻ႔ဖလားကို ေနာက္ဆုံး ၂ ႀကိမ္ဆက္လြဲခဲ့တာျဖစ္ၿပီး
အဲဒါမ်ိဳးဟာ သူတို႔သမိုင္းမွာ ပထမဆုံးအႀကိမ္ပါ။
ေျမာက္မက္ဆီဒိုးနီးယားနဲ႔အိမ္ကြင္းပြဲမွာ အီတလီဟာ
ပြဲၿပီးခါနီးနာက်င္အခ်ိန္ပို ၉၂ မိနစ္အေရာက္
တစ္လုံးတည္းေသာအႏိုင္ဂိုးေပးလိုက္ရတာ ျဖစ္ပါတယ္။
အဲဒီပြဲမွာ အီတလီဟာ ၿပိဳင္ဘက္အသင္းငယ္ကို
ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းမႈ ၃၂ ႀကိမ္ေတာင္ ရွိခဲ့တာပါ။
ဒါေပမဲ့ အဲဒီမွာ ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ၿပီး ေတာင့္ေတာင့္ခံသြားခဲ့တဲ့
ေျမာက္မက္ဆီဒိုးနီးယားခံစစ္ကို မထိုးေဖာက္ႏိုင္ခဲ့ပါဘူး။
ပြဲၿပီးခါနီးမွာေတာ့ ကမာၻ႔အဆင့္ ၆၇ က အသင္းကို
တစ္လုံးတည္းေသာအႏိုင္ဂိုးခြင့္ျပဳလိုက္ရတာပါ။
အီတလီကို အႏိုင္ရသြားတဲ့ ေျမာက္မက္ဆီဒိုးနီးယားဟာ
ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဝင္ၿပိဳင္ဖူးတာဆိုလို႔ ယူ႐ို ၂၀၂၀ တစ္ခုသာရွိပါတယ္။
အီတလီဟာ လြန္ခဲ့တဲ့ ၈ လကမွ ယူ႐ိုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္
အခုေတာ့ လုံးဝမေမွ်ာ္လင့္ထားတဲ့အနိမ့္ဆုံးအေျခအေနကို ႀကဳံေတြ႕လိုက္ရတာပါ။
မန္ခ်ီနီရဲ႕အသင္းဟာ ေျခစစ္ပြဲအုပ္စုအဆင့္တုန္းက ရႈံးပြဲမရွိကစားႏိုင္ခဲ့ေပမယ့္
၈ ပြဲမွာ ၄ ပြဲသာႏိုင္ခဲ့လို႔ ဆြစ္လန္ရဲ႕ေနာက္ အုပ္စုဒုတိယသာရၿပီး
play-off ဆက္ကစားရတာ ျဖစ္ပါတယ္။
အခုေတာ့ ကမာၻ႔ဖလားမွာ ၄ ႀကိမ္ဗိုလ္စြဲဖူးတဲ့အီတလီဟာ
လာမယ့္ႏိုဝင္ဘာကေန ဒီဇင္ဘာထိ ကာတာႏိုင္ငံမွာ က်င္းပမယ့္
ကမာၻ႔ဖလားကို အိမ္ကေနသာၾကည့္ရေတာ့မွာပါ။