ကနေဒါအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်လို့ ၂၀၂၂ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ရဖို့ မက်ဆီအတွက် မျှော်လင့်ချက်ရှိနေပြီ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်

လာမယ့်နိုဝင်ဘာလကနေ ဒီဇင်ဘာလအလယ်အထိကျင်းပသွားမှာဖြစ်ပြီး

အာဂျင်တီးနား,နာမည်ကျော်ကစားသမားမက်ဆီဟာ

ဒီပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်နိုင်ဖို့

ကံကြမ္မာကောင်းတွေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီဟာ မနှစ်တုန်းက

အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဆုဖလားရယူပေးခဲ့ပြီး

လက်ရွေးစင်ကစားသမားဘဝ အဓိကဆုဖလားတစ်ခုမှ

မရဖူးတဲ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကိုင်မြှောက်ခွင့်ရဖို့

လက်တစ်ကမ်းအလိုအထိရောက်ခဲ့ပေမယ့်

ဗိုလ်လုပွဲမှာ ဂျာမနီကို(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့

ရှုံးထွက်(၁၆)သင်းအဆင့်ကနေထွက်ခဲ့ရပါတယ်။

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီအတွက် ချန်ပီယံဆုမျှော်လင့်လို့ရတဲ့

ကံကြမ္မာကောင်းတွေရှိနေပြီး ပထမတစ်ခုက

ကနေဒါအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။

ကနေဒါအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြိမ်ကြိမ်ကစားခဲ့ပေမယ့်

အသင်းသမိုင်းတစ်လျှောက် စုစုပေါင်း(၂)ကြိမ်သာခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပြီး

ပထမအကြိမ်က ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်မှာဖြစ်ပါတယ်။

အံ့အားသင့်စရာကောင်းတာက ကနေဒါအသင်း ပထမအကြိမ်ခြေစစ်ပွဲအောင်ခဲ့တဲ့

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂန္ထဝင်ကစားသမားကြီးမာရာဒိုနာရဲ့ဦးဆောင်မှုနဲ့အတူ

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီး

အခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကနေဒါတို့ ဒုတိယအကြိမ်ခြေစစ်ပွဲအောင်ခဲ့တာကြောင့်

နိုင်ငံအသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင်

မက်ဆီဦးဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

နောက်ထပ် ကံကြမ္မာကောင်းတစ်ခုကတော့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့

ရော်နယ်လ်ဒင်ဟို၊ ဘာပေတို့ဟာ PSG အသင်းကိုပြောင်းပြီး

နောက်နှစ်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္ထဝင်ကစားသမားရော်နယ်လ်ဒင်ဟိုဟာ

၂၀၀၁ ခုနှစ်မှာ ဂရီမီယိုအသင်းကနေ PSG ကို ပြောင်းရွှေ့ခဲ့ပြီး

မကြာခင်မှာပဲ လက်ရွေးစင်အသင်းနဲ့ ၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံဆုရယူခဲ့ပါတယ်။

ဒ့ါအပြင် ဘာပေဟာလည်း ၂၀၁၇ ခုနှစ်မှာ PSG အသင်းဆီရောက်ရှိခဲ့ပြီး

နောက်(၁)နှစ်အကြာမှာ ပြင်သစ်အသင်းနဲ့အတူ

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာကြောင့် ၂၀၂၁၊ နွေရာသီမှာ

PSG အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ မက်ဆီတစ်ယောက်လည်း

ရော်နယ်လ်ဒင်ဟိုနဲ့ဘာပေတို့လို ကံကြမ္မာကောင်းပိုင်ဆိုင်နိုင်မလားဆိုတာကတော့ . . .

zawgyi

ကေနဒါအသင္း ကမာၻ႔ဖလားေျခစစ္ပြဲေအာင္လို႔ ၂၀၂၂ ကမာၻ႔ဖလားကိုင္ေျမႇာက္ခြင့္ရဖို႔ မက္ဆီအတြက္ ေမွ်ာ္လင့္ခ်က္ရွိေနၿပီ

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္

လာမယ့္ႏိုဝင္ဘာလကေန ဒီဇင္ဘာလအလယ္အထိက်င္းပသြားမွာျဖစ္ၿပီး

အာဂ်င္တီးနား,နာမည္ေက်ာ္ကစားသမားမက္ဆီဟာ

ဒီၿပိဳင္ပြဲမွာ ခ်န္ပီယံလိဂ္ဆုဖလားကိုင္ေျမႇာက္ႏိုင္ဖို႔

ကံၾကမၼာေကာင္းေတြပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီဟာ မႏွစ္တုန္းက

အာဂ်င္တီးနားအသင္းအတြက္ ကိုပါအေမရိကဆုဖလားရယူေပးခဲ့ၿပီး

လက္ေ႐ြးစင္ကစားသမားဘဝ အဓိကဆုဖလားတစ္ခုမွ

မရဖူးတဲ့မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကိုင္ေျမႇာက္ခြင့္ရဖို႔

လက္တစ္ကမ္းအလိုအထိေရာက္ခဲ့ေပမယ့္

ဗိုလ္လုပြဲမွာ ဂ်ာမနီကို(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္

ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရၿပီး ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့

ရႈံးထြက္(၁၆)သင္းအဆင့္ကေနထြက္ခဲ့ရပါတယ္။

လာမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ မက္ဆီအတြက္ ခ်န္ပီယံဆုေမွ်ာ္လင့္လို႔ရတဲ့

ကံၾကမၼာေကာင္းေတြရွိေနၿပီး ပထမတစ္ခုက

ကေနဒါအသင္း ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့တာပါ။

ကေနဒါအသင္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲအႀကိမ္ႀကိမ္ကစားခဲ့ေပမယ့္

အသင္းသမိုင္းတစ္ေလွ်ာက္ စုစုေပါင္း(၂)ႀကိမ္သာေျခစစ္ပြဲေအာင္ျမင္ခဲ့ဖူးၿပီး

ပထမအႀကိမ္က ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္မွာျဖစ္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက ကေနဒါအသင္း ပထမအႀကိမ္ေျခစစ္ပြဲေအာင္ခဲ့တဲ့

၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဂႏၴဝင္ကစားသမားႀကီးမာရာဒိုနာရဲ႕ဦးေဆာင္မႈနဲ႔အတူ

အာဂ်င္တီးနားအသင္း ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့ၿပီး

အခု ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကေနဒါတို႔ ဒုတိယအႀကိမ္ေျခစစ္ပြဲေအာင္ခဲ့တာေၾကာင့္

ႏိုင္ငံအသင္းအတြက္ ကမာၻ႔ဖလားခ်န္ပီယံဆုရရွိေအာင္

မက္ဆီဦးေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ေနာက္ထပ္ ကံၾကမၼာေကာင္းတစ္ခုကေတာ့ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့

ေရာ္နယ္လ္ဒင္ဟို၊ ဘာေပတို႔ဟာ PSG အသင္းကိုေျပာင္းၿပီး

ေနာက္ႏွစ္မွာပဲ ကမာၻ႔ဖလားခ်န္ပီယံဆုရယူႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၴဝင္ကစားသမားေရာ္နယ္လ္ဒင္ဟိုဟာ

၂၀၀၁ ခုႏွစ္မွာ ဂရီမီယိုအသင္းကေန PSG ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး

မၾကာခင္မွာပဲ လက္ေ႐ြးစင္အသင္းနဲ႔ ၂၀၀၂ ကမာၻ႔ဖလားခ်န္ပီယံဆုရယူခဲ့ပါတယ္။

ဒ့ါအျပင္ ဘာေပဟာလည္း ၂၀၁၇ ခုႏွစ္မွာ PSG အသင္းဆီေရာက္ရွိခဲ့ၿပီး

ေနာက္(၁)ႏွစ္အၾကာမွာ ျပင္သစ္အသင္းနဲ႔အတူ

၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ၂၀၂၁၊ ေႏြရာသီမွာ

PSG အသင္းကိုေျပာင္းေ႐ႊ႕ခဲ့တဲ့ မက္ဆီတစ္ေယာက္လည္း

ေရာ္နယ္လ္ဒင္ဟိုနဲ႔ဘာေပတို႔လို ကံၾကမၼာေကာင္းပိုင္ဆိုင္ႏိုင္မလားဆိုတာကေတာ့ . . .