
ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကချဲလ်ဆီးကစားသမားများမှာ
စိတ်ပန်းလူပန်းဖြစ်လျက်ရှိကြောင်းပြောကြားလာပါတယ်။
ချဲလ်ဆီးဟာမနေ့ညတုန်းကဘရိုက်တန်နှင့်တစ်ဂိုးစီသရေကျမှုနဲ့အတူ
နောက်ဆုံးပရီးမီးယားလိဂ်ပွဲ၇ပွဲတွင်၁ပွဲတည်းသာအနိုင်ရရှိထားပြီး
ထိပ်ဆုံးမှမန်စီးတီးနှင့်၁၂မှတ်အထိကွာဟသွားခဲ့ပါတယ်။
၎င်းတို့ဟာ၂၁ရက်အတွင်းတွင်၇ပွဲအထိကစားခဲ့ရပြီး
ပရီးမီးယားလိဂ်ပွဲ၄ပွဲမှ ရမှတ်၃မှတ်တည်းသာရယူထားနိုင်ပါတယ်။
ချဲလ်ဆီးဟာအမှတ်ပေးဇယားအဆင့်၃နေရာမှာရပ်တည်နေသေးပေမဲ့လည်း
အဆင့်၅နေရာမှအာဆင်နယ်နှင့်ရမှတ်၉မှတ်သာကွာဟနေပါပါတယ်။
အာဆင်နယ်ဟာသုံးပွဲလျှော့ကစားထားမှုနဲ့အတူ
ချဲလ်ဆီးနှင့်အမှတ်တူဖြစ်လာဖို့ ရှိနေပါတယ်။
တူချယ်က “ကျွန်တော်တို့ပွဲပန်းနေတယ်။
တောင့်တင်းပြီးပြင်ဆင်မှုကောင်းတဲ့ဘရိုက်တန်နဲ့ရင်ဆိုင်ရတာပါ။
ကျွန်တော်တို့ကစားခဲ့ရတဲ့ပွဲတွေကိုကြည့်လိုက်ပါ။
စိတ်ပန်းလူပန်းဖြစ်တဲ့အခါနေရာယူမှုအားနည်းလာတယ်၊
အာရုံစိုက်မှုအားနည်းလာပါတယ်။ဒါကိုကျွန်တော်တို့ရဲ့ပွဲကို
ကြည့်ရင်မြင်နိုင်ပါတယ်။ကျွန်တော်လည်းဒါကိုခံစားရတယ်။
ဘတ်စ်ကားပေါ်မှာထိုင်နေရင်း ဘယ်သွားနေတာလဲလို့တောင်တွေးနေမိတယ်။
ပြန်လည်အာရုံစုံရတယ်၊ဘယ်သွားနေတယ်ဆိုတာပြန်တွေးရတယ်၊
ဘယ်အချိန်လဲ၊ဘယ်အချိန်ပွဲကစားရမလဲ၊နောက်တွေ့ဆုံမှုက
ဘယ်အချိန်လဲပြန်တွေးရပါတယ်”လို့ပြောကြားသွားပါတယ်။
မနေ့ညတုန်းကပွဲတွင်ဘရိုက်တန်ကချဲလ်ဆီးထက်ခြေစွမ်းပိုင်း
ပိုကောင်းနေခဲ့ကာငါးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းရယူထားနိုင်ပါတယ်။
zawgyi
ကစားသမားမ်ား စိတ္ပန္းလူပန္းလ်က္ရွိေၾကာင္း တူခ်ယ္ ေျပာၾကား
ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကခ်ဲလ္ဆီးကစားသမားမ်ားမွာ
စိတ္ပန္းလူပန္းျဖစ္လ်က္ရွိေၾကာင္းေျပာၾကားလာပါတယ္။
ခ်ဲလ္ဆီးဟာမေန႔ညတုန္းကဘ႐ိုက္တန္ႏွင့္တစ္ဂိုးစီသေရက်မႈနဲ႔အတူ
ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ၇ပြဲတြင္၁ပြဲတည္းသာအႏိုင္ရရွိထားၿပီး
ထိပ္ဆုံးမွမန္စီးတီးႏွင့္၁၂မွတ္အထိကြာဟသြားခဲ့ပါတယ္။
၎တို႔ဟာ၂၁ရက္အတြင္းတြင္၇ပြဲအထိကစားခဲ့ရၿပီး
ပရီးမီးယားလိဂ္ပြဲ၄ပြဲမွ ရမွတ္၃မွတ္တည္းသာရယူထားႏိုင္ပါတယ္။
ခ်ဲလ္ဆီးဟာအမွတ္ေပးဇယားအဆင့္၃ေနရာမွာရပ္တည္ေနေသးေပမဲ့လည္း
အဆင့္၅ေနရာမွအာဆင္နယ္ႏွင့္ရမွတ္၉မွတ္သာကြာဟေနပါပါတယ္။
အာဆင္နယ္ဟာသုံးပြဲေလွ်ာ့ကစားထားမႈနဲ႔အတူ
ခ်ဲလ္ဆီးႏွင့္အမွတ္တူျဖစ္လာဖို႔ ရွိေနပါတယ္။
တူခ်ယ္က “ကြၽန္ေတာ္တို႔ပြဲပန္းေနတယ္။
ေတာင့္တင္းၿပီးျပင္ဆင္မႈေကာင္းတဲ့ဘ႐ိုက္တန္နဲ႔ရင္ဆိုင္ရတာပါ။
ကြၽန္ေတာ္တို႔ကစားခဲ့ရတဲ့ပြဲေတြကိုၾကည့္လိုက္ပါ။
စိတ္ပန္းလူပန္းျဖစ္တဲ့အခါေနရာယူမႈအားနည္းလာတယ္၊
အာ႐ုံစိုက္မႈအားနည္းလာပါတယ္။ဒါကိုကြၽန္ေတာ္တို႔ရဲ႕ပြဲကို
ၾကည့္ရင္ျမင္ႏိုင္ပါတယ္။ကြၽန္ေတာ္လည္းဒါကိုခံစားရတယ္။
ဘတ္စ္ကားေပၚမွာထိုင္ေနရင္း ဘယ္သြားေနတာလဲလို႔ေတာင္ေတြးေနမိတယ္။
ျပန္လည္အာ႐ုံစုံရတယ္၊ဘယ္သြားေနတယ္ဆိုတာျပန္ေတြးရတယ္၊
ဘယ္အခ်ိန္လဲ၊ဘယ္အခ်ိန္ပြဲကစားရမလဲ၊ေနာက္ေတြ႕ဆုံမႈက
ဘယ္အခ်ိန္လဲျပန္ေတြးရပါတယ္”လို႔ေျပာၾကားသြားပါတယ္။
မေန႔ညတုန္းကပြဲတြင္ဘ႐ိုက္တန္ကခ်ဲလ္ဆီးထက္ေျခစြမ္းပိုင္း
ပိုေကာင္းေနခဲ့ကာငါးပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းရယူထားႏိုင္ပါတယ္။