ကစားသမားနှစ်ဦးကို အိုးထရက်ဖို့ဒ်သို့ ပြောင်းလာအောင် ဖုန်းခေါ်ပြီးကြားဝင်လုပ်ဆောင်ပေးခဲ့ဖူးတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်သို့

ပရီးမီးယားလိဂ်ပြိုင်ဘက်အာဆင်နယ်သို့ ပြောင်းရွှေ့ဖို့ ရှိနေတဲ့

ကစားသမားနှစ်ဦးကို အိုးထရက်ဖို့ဒ်သို့ ပြောင်းလာအောင်

ဖုန်းခေါ်ပြီးကြားဝင်လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။

Ballon d’Or ငါးကြိမ်ရခရစ္စတီယာနိုရော်နယ်ဒိုဟာ

ယူနိုက်တက်ရဲ့ဘရာဇီးအမြွှာညီနောင်ရာဖေးလ်နှင့်ဖေဘီယိုဒါဆေးလ်ဗားတို့ကို

ယူနိုက်တက်သို့ပြောင်းလာအောင် ကြားဝင်လုပ်ဆောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

ရာဖေးလ်က UTD Podcast တွင် ဆယ်ကျော်သက်တုန်းက

CR7 ထံမှ ဖုန်းဆက်သွယ်မှုရရှိခဲ့ပြီး ယင်းဖုန်းဆက်သွယ်မှုကြောင့်ပင်

ယူနိုက်တက်သို့ပြောင်းရန်ဆုံးဖြတ်ခဲ့ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

ဘိုတာဖိုဂိုနောက်ခံလူက “သူ ကျွန်တော့်ကိုဖုန်းခေါ်ခဲ့ပါတယ်။

ဒါကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။

ကျွန်တော့်ဖုန်းမှာဘာမှာဇီးရိုးချည်းပြနေတယ်(နိုင်ငံတကာဖုန်းခေါ်ဆိုမှု)။

ကျွန်တော်ကလည်း ဘယ်သူလဲပေါ့။ဒီလိုမျိုးဖုန်းခေါ်တာ တစ်ခါမှမရဖူးဘူး။

ကျွန်တော်ပြန်ဖြေခဲ့တယ်။အရင်တုန်းက လေ့ကျင့်ခန်းဆင်းခဲ့ဖူးတော့သူ့ကိုသိတယ်။

သူက ‘ရော်နယ်ဒိုပါ။ကျွန်တော်ရော်နယ်ဒိုပါ’။

သူကကျွန်တော်တို့ဖုန်းခေါ်တာပဲ။သူက ‘ဒီမှာမိုးရွာနေတယ်။

မန်ချက်စတာဆိုတော့မိုးရွားနေတယ်လေ သိတယ်မလား။

မင်းတို့ကိုဖုန်းခေါ်တယ်ဆိုတာမန်ချက်စတာယူနိုက်တက်နဲ့

စာချုပ်ချုပ်ဖို့အတွက်ပဲ။မင်းတို့လည်း ဒီလိုပဲလုပ်မယ်ဆိုတာငါသိပြီးသားပါ’

ဘာညာဆိုပြီးပြောပါတယ်။မယုံနိုင်အောင်ဖြစ်ရတယ်”လို့ပြောကြားသွားပါတယ်။

၂၀၂၀ခုနှစ်တုန်းကဖေဘီယိုကလည်း ယူနိုက်တက်သို့ရောက်စတုန်းက

၎င်းတို့ရဲ့ဘာသာစကားပြဿနာကိုခရစ္စတီယာနိုရော်နယ်ဒိုက

ကူညီဖြေရှင်းပေးခဲ့ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ရာဖေးလ်ဟာဂယ်ရီနဗီးလ်အနားယူသွားပြီးနောက်

ယူနိုက်တက်ရဲ့အဓိကနောက်ခံလူဖြစ်လာခဲ့ပြီးယူနိုက်တက်နဲ့အတူ

ပရီးမီးယားလိဂ်ဖလားသုံးကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာလူးဝစ်ဗန်ဂါးလ်လက်အောက်မှာနေရာရရှိရန်ရုန်းကန်ရပြီးနောက်

၂၀၁၅ခုနှစ်မှာလိုင်ယွန်သို့ပြောင်းရွှေ့ခဲ့ပါတယ်။

ဖေဘီယိုမှာယူနိုက်တက်တွင်နေရာမရရှိဘဲ

ပရီးမီးယားလိဂ်ဖလားတစ်လုံးတည်းသာရရှိခဲ့ပါတယ်။

ကျူပီအာတွင်လည်းအငှားဖြင့်ကစားခဲ့ရတဲ့သူဟာ၂၀၁၄ခုနှစ်မှာ

ကာဒစ်ဖ်သို့ရောင်းချခံခဲ့ရပါတယ်။လက်ရှိအချိန်မှာသူဟာ

ပြင်သစ်လီဂူး၁ကလပ်နန့်တက်စ်တွင်ကစားနေပါတယ်။

zawgyi

ကစားသမားႏွစ္ဦးကို အိုးထရက္ဖို႔ဒ္သို႔ ေျပာင္းလာေအာင္ ဖုန္းေခၚၿပီးၾကားဝင္လုပ္ေဆာင္ေပးခဲ့ဖူးတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္သို႔

ပရီးမီးယားလိဂ္ၿပိဳင္ဘက္အာဆင္နယ္သို႔ ေျပာင္းေ႐ႊ႕ဖို႔ ရွိေနတဲ့

ကစားသမားႏွစ္ဦးကို အိုးထရက္ဖို႔ဒ္သို႔ ေျပာင္းလာေအာင္

ဖုန္းေခၚၿပီးၾကားဝင္လုပ္ေဆာင္ေပးခဲ့ဖူးပါတယ္။

Ballon d’Or ငါးႀကိမ္ရခရစၥတီယာႏိုေရာ္နယ္ဒိုဟာ

ယူႏိုက္တက္ရဲ႕ဘရာဇီးအႁမႊာညီေနာင္ရာေဖးလ္ႏွင့္ေဖဘီယိုဒါေဆးလ္ဗားတို႔ကို

ယူႏိုက္တက္သို႔ေျပာင္းလာေအာင္ ၾကားဝင္လုပ္ေဆာင္းေပးခဲ့တာလည္းျဖစ္ပါတယ္။

ရာေဖးလ္က UTD Podcast တြင္ ဆယ္ေက်ာ္သက္တုန္းက

CR7 ထံမွ ဖုန္းဆက္သြယ္မႈရရွိခဲ့ၿပီး ယင္းဖုန္းဆက္သြယ္မႈေၾကာင့္ပင္

ယူႏိုက္တက္သို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

ဘိုတာဖိုဂိုေနာက္ခံလူက “သူ ကြၽန္ေတာ့္ကိုဖုန္းေခၚခဲ့ပါတယ္။

ဒါကိုဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး။

ကြၽန္ေတာ့္ဖုန္းမွာဘာမွာဇီး႐ိုးခ်ည္းျပေနတယ္(ႏိုင္ငံတကာဖုန္းေခၚဆိုမႈ)။

ကြၽန္ေတာ္ကလည္း ဘယ္သူလဲေပါ့။ဒီလိုမ်ိဳးဖုန္းေခၚတာ တစ္ခါမွမရဖူးဘူး။

ကြၽန္ေတာ္ျပန္ေျဖခဲ့တယ္။အရင္တုန္းက ေလ့က်င့္ခန္းဆင္းခဲ့ဖူးေတာ့သူ႔ကိုသိတယ္။

သူက ‘ေရာ္နယ္ဒိုပါ။ကြၽန္ေတာ္ေရာ္နယ္ဒိုပါ’။

သူကကြၽန္ေတာ္တို႔ဖုန္းေခၚတာပဲ။သူက ‘ဒီမွာမိုး႐ြာေနတယ္။

မန္ခ်က္စတာဆိုေတာ့မိုး႐ြားေနတယ္ေလ သိတယ္မလား။

မင္းတို႔ကိုဖုန္းေခၚတယ္ဆိုတာမန္ခ်က္စတာယူႏိုက္တက္နဲ႔

စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ပဲ။မင္းတို႔လည္း ဒီလိုပဲလုပ္မယ္ဆိုတာငါသိၿပီးသားပါ’

ဘာညာဆိုၿပီးေျပာပါတယ္။မယုံႏိုင္ေအာင္ျဖစ္ရတယ္”လို႔ေျပာၾကားသြားပါတယ္။

၂၀၂၀ခုႏွစ္တုန္းကေဖဘီယိုကလည္း ယူႏိုက္တက္သို႔ေရာက္စတုန္းက

၎တို႔ရဲ႕ဘာသာစကားျပႆနာကိုခရစၥတီယာႏိုေရာ္နယ္ဒိုက

ကူညီေျဖရွင္းေပးခဲ့ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ရာေဖးလ္ဟာဂယ္ရီနဗီးလ္အနားယူသြားၿပီးေနာက္

ယူႏိုက္တက္ရဲ႕အဓိကေနာက္ခံလူျဖစ္လာခဲ့ၿပီးယူႏိုက္တက္နဲ႔အတူ

ပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာလူးဝစ္ဗန္ဂါးလ္လက္ေအာက္မွာေနရာရရွိရန္႐ုန္းကန္ရၿပီးေနာက္

၂၀၁၅ခုႏွစ္မွာလိုင္ယြန္သို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ေဖဘီယိုမွာယူႏိုက္တက္တြင္ေနရာမရရွိဘဲ

ပရီးမီးယားလိဂ္ဖလားတစ္လုံးတည္းသာရရွိခဲ့ပါတယ္။

က်ဴပီအာတြင္လည္းအငွားျဖင့္ကစားခဲ့ရတဲ့သူဟာ၂၀၁၄ခုႏွစ္မွာ

ကာဒစ္ဖ္သို႔ေရာင္းခ်ခံခဲ့ရပါတယ္။လက္ရွိအခ်ိန္မွာသူဟာ

ျပင္သစ္လီဂူး၁ကလပ္နန႔္တက္စ္တြင္ကစားေနပါတယ္။